[30] Final

5.4K 501 95
                                    

| Me saying tonight always end up around this late.. (or early )hour 😁😁

enjoy the final chapter ♥ |




[Unicode]

📣📣 Started live broadcasting
# Eatjin
# special guest RM

**အားလုံးပဲ မင်္ဂလာပါ Eat Jin ရဲ့ food show ကနေထပ်ပြီး ကြိုဆိုလိုက်ပါတယ် ဒီနေ့ တော့ ကျွန်တော်က လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ သုံးထပ်သား ကင်ချီဟင်းရည်လေး ပဲ ချက်ပြီး အားလုံးအတူတူ စားကြမယ်နော်**

**ပြီးတော့ ကျွန်တော်တို့မှာ special guest ရှိပါတယ် ဘာလို့လဲဆိုတော့.. သြော်.... Jiminလည်း မပါတော့ တစ်ယောက်ထဲ ပျင်းလို့ ဘေးနားမှာ အသင့်ရှိနေတဲ့ တစ်ယောက်ကို ဆွဲခေါ်လိုက်တာပါ. .. Namjoon နှုတ်ဆက်ဦး **

Seokjin ခေါ်သံကြားသည်နှင့်
ဓားတစ်ချောင်း ကိုင်ရင်း
ထွက်လာပြီး နှုတ်ဆက် ရှာသော Namjoon...

**မင်္ဂလာပါ ကျွန်တော်က ဒီဘက်က Food blogger လေးရဲ့ ချစ်သူ ပါ **

[စလာကတည်းက roနေပြီဟေ့... ဒီအတိုင်း RM လို့ပဲ နာမည်ပြောလို့မရဘူးလား]

[ဟုတ်တယ်... ဟင့်အင်း ဒီအတိုင်းမပြောပဲသာနေလိုက်ပါတော့ ဘယ်သူမှန်းသိပြီးသားပဲကို ]

[Wow Namjoon oppa အိမ်နေရင်း ပုံစံလေးက လည်း ချောနေရောပဲ]

[Oppa ကချောတယ် Oppa ရည်းစားကပိုချောတယ် အိုက်စ် နှစ်ယောက်လုံးဝိုက်မယ်]

Namjoon ပါ သောကြောင့်
ခါတိုင်းနေ့များထက်ကြည့်ရှုသူများကာ
စည်ကားနေသည်ကို
ကြည့်ရင်း Seokjin ကျေနပ်စွာ ပြုံးသည်။

ဒီနေ့လူများတယ်
လူများအောင်လည်း Kim Namjoon ကို
ခေါ်ထားရတာပဲ..
ဆိုင်ခွဲ အသစ်အကြောင်းကြေညာရမယ်ကွ
နာမည်ကြီး အနုပညာရှင်ကို
ရည်းစားတော်ထားရတာအရမ်းမိုက်တာပဲ ဟီးဟီး ..။

သူ့အတွေးနှင့်သူ
သဘောကျနေသော Seokjinကို နှောင့်ယှက်လာသည်က ဧည့်ခန်းထဲတွင် တတီတီမြည်နေသော ဖုန်းသံ...

**Namjoon ခဏလေး ဒီကြက်သွန်လေးကို လှီးပေးထားမလား ချက်ချင်းပြန်လာခဲ့မယ်နော် **

ဆိုသော စကားတစ်ခွန်းနှင့်Seokjin
ပျောက်သွားချိန်မှာတော့
ကျန်ခဲ့သည်က
Namjoon ရယ် ကြက်သွန် ဥရယ်
အဖုံးမချွတ်ရသေးတဲ့ ဓားတစ်ချောင်းရယ်....

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Όπου ζουν οι ιστορίες. Ανακάλυψε τώρα