[11]

4K 542 41
                                    

#U

မူးနေသည့်အရှိန်ရော
တစ်နေ့လုံးYoongiသွားသည့်နောက်တစ်ကောက်ကောက်လျှောက်လိုက်လို့ ပင်ပန်းသွားတာကြောင့်ရော ပေါင်းကာ Jiminတစ်ယောက်တော့
အတော်ပင်ပန်းသွားပုံရသည်။

အိမ်ပြန်ရောက်သည်နှင့်
စောစောစီးစီး ပင် အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့မနက်ခင်း
Yoongiရောက်လာတော့
ခါတိုင်းလို မီးဖိုချောင်ထဲက
ညီအစ်ကို နှစ်ယောက်ရန်ဖြစ်ပြီး မုန့်လုနေသံ မကြားရ။

**Jimin!! Seokjin hyung!!**

**Yoongi ဘာလဲ ဘာလဲ ဟ **

သူအော်လိုက်တာအသံနည်းနည်းကျယ်သွားကာ
Seokjin Hyung က နွားနို့ဘူးကြီးကိုင်ရင်း
အလန့်တကြား ပြေးထွက်လာသည်။

**ဟင့်အင်း ဒီအတိုင်း မတွေ့လို့**

**ဒီကောင်လေးကတော့ ဘာများလဲလို့ ငါ့ cereals တွေတောင် မှောက်ကျပြီးကျန်ခဲ့ပြီ **

**sorry .. မနက်စာစားဖို့လုပ်နေတာလား Jiminရော Hyung**

**မသိဘူး မနိုးသေးဘူး ထင်တယ် သူ့အခန်းထဲသွားကြည့်လေ **

ဖုန်းကြည့်နေရင်းမုန့်ပဲဆက်စားနေတဲ့ Seokjin
ကိုထားခဲ့ပြီး Jiminအခန်းထဲကိုဝင်လာခဲ့တယ်။

အခန်းကအေးလိုက်တာ ...

အိပ်ရာပေါ်လှမ်းကြည့်တော့
လူသေးသေးလေးက စောင်ပုံထဲမြုပ်နေလို့မမြင်ရ။

**Jimin .. **

စောင်ပုံထဲကကောင်လေးက လှုပ်ရှား လာသည်။

**နိုးနေတာလား**

**Hyung....ကျွန်တော်ဖျားနေပြီထင်တယ် **

လေသံတိုးတိုးလေးကိုYoongiကြားပြီးပြီးချင်း
Jiminရဲ့နဖူးပြင်ကို စိုးရိမ်တကြီး စမ်းမိတော့
အတော်ပူနေသည်။

**ဟုတ်တယ် ကိုယ်ပူနေတယ်**

လေအေးပေးစက်ကို ချက်ချင်းပိတ်
အေးစိမ့်နေတဲ့အခန်းကို
အလင်းရောင်ဝင်အောင်ရော
နွေးသွားအောင်ပါ ပြတင်းပေါက် တွေလိုက်ဖွင့်
ခန်းဆီးလိုက်ကာ တွေဆွဲဖွင့်ရင်း
အလုပ်များနေရင်းမှ Yoongiတစ်ယောက်
ဒေါသမဆိုသလောက်လေးကလည်းထွက်လာပြန်သည်။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now