[15]

3.8K 538 56
                                    

#U

မနက်ခင်းရောက်တဲ့အခါ
ဘေးနားကတက်ကြွ နေသော
လိမ္မာတဲ့ကောင်လေးကြောင့်
Yoongi မှာအစောကြီးနိုးနေတော့သည်။

မထမချင်း Yoongi ခေါ်နေဦးမည့်
လူကလေးကို အသည်းယားလာတာကြောင့်
ခါးကနေဆွဲချရင်း မျက်နှာချင်းနီးအောင်
ကပ်လိုက်သည်။
နှုတ်ခမ်းပါးပါးတစ်စုံနှင့် ခပ်ထူထူ နှုတ်ခမ်းသေးသေးလေး တို့ အလွန်တရာနီးကပ်လျက်။

**ပြော ... **

** ... **

ပြူးကြောင်ကြောင်လေးနှင့်
မျက်နှာနီရဲတက်လာတဲ့ Jiminဟာ
ဘာစကားမှပြောမထွက်တော့... ။

ရှက်နေတာလား ဒီကောင်လေး...
ချစ်ဖို့ကောင်းလိုက်တာ..... ။

**အမ်... အဟမ်း.... စောစောထပြီး.. Yoongi ommaကို မနက်စာကူပြင်ပေးကြမယ်လို့ **

**အင်း ထမယ်လေ... အဲ့ဒါလေးပြောတာကို ဘာလို့ထစ်နေတာလဲ **

**ဘာလဲ.... ဘယ်မှာထစ်လို့လဲ.... လည်ချောင်း‌ခြာက်နေလို့ပါ အိပ်ရာထစဆိုတော့ **

အတင်းရုန်းကန်ရင်း အိပ်ရာထဲဆင်းဖို့ပြင်နေတဲ့
ကောင်လေးကို Yoongi ကြည့်ရင်း ပြုံးမိသည်။

**Jiminine**

**ဗျာ **

**အိပ်ရေးဝရဲ့လား**

**ဟုတ်**

**သြော်မေ့သွားတာ ဘယ်မှာအိပ်အိပ် အိပ်ရာပြောင်းလည်းအိပ်ပျော်တယ်ဆိုတာ.. ဟုတ်တယ်မလား ဝက်ကလေးလေးPark **

**Min Yoongi!!!.. . စပြန်ပြီနော်... သူ့အိမ်မှာဆိုတိုင်း လူကိုအနိုင်ကျင့်နေတော့တာပဲ **

မူကြိုကလေးလေးတစ်ယောက်
အနိုင်ကျင့်ခံရတဲ့ပုံစံ....
သနားစရာပုံလေးနှင့်ပြောနေတဲ့.... Jiminကို
ကြည့်ပြီး သူ့မှာရယ်မိပြန်သည်။

တော်ပြီ .... မစတော့ပါဘူး
မနက်စောစောစိတ်ကောက်သွားဦးမည်....
ချော့ရတာက ကိစ္စ မရှိပေမယ့်
သူ့ကလေးလေးကို မနက်ခင်းစောစော
စိတ်မကြည်တာမျိုး မဖြစ်စေချင်တာမို့.... ။

Jiminineကစိတ်မပျော်ဘူးဆို
Yoongi သိပ်ချစ်တဲ့
အပြုံးလှလှလေးတွေ မမြင်ရဘဲနေမှာပေါ့... ။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅जहाँ कहानियाँ रहती हैं। अभी खोजें