[ 9 ]

4.1K 571 53
                                    


#U

ဘာအကြောင်းမှန်းမသိ ရုတ်တရက်
စိတ်ကောက်ပြီး ထွက်သွားတဲ့ Park Jimin ကို
သွးချော့ရမည်လား ဒီအတိုင်းပဲ ထားလိုက်ရမည်လား စဥ်းစားနေရသောကြောင့်
Yoongi တို့ လွန်ခဲ့သည့်ညက အိပ်ရာဝင်နောက်ကျခဲ့သည်မို့ မနက်ခင်းမှာ နေအတော်မြင့်မှ နိုးလေသည်။

အိပ်ရာကထဖို့လုပ်တော့မှ
ရင်ခွင် ထဲက ခေါင်းလုံးလုံးကို
သူသတိထားမိသွားသည်။

Jimin လား???

ညက သူအိပ်မက် မက်သည်။

အိပ်မက်ထဲမှာ ရင်းနှီး နေကျ အငွေ့အသက် လေးက
အနားရောက်လာမို့ ရင်ခွင်ထဲဆွဲသွင်းပြီး
သိမ်းကြုံးဖက်ထားပစ်လိုက်မိတာ။

အဲ့တာ တစ်ကယ့်လူ‌ဖြစ်နေခဲ့တာလား.... ။

မနက်အစောကြီးရောက်ပြီး
Yoongiကိုလာနိုးပေမဲ့ မရလို့ သူကိုယ်တိုင်ပါ
ဝင်အိပ်နေတော့တာဖြစ်ရမယ်။

မနေ့ကပဲ စိတ်ကောက်သွားတယ်....
ဒီနေ့ကျတော့ ဘာဖြစ်ချင်လို့လဲ မသိဘူး
ကလေးဆိုးလေးက..။

**Jimin ... Jiminine. **

နဖူးပေါ်အုပ်ကျနေတဲ့ ဆံပင်လေးတွေကို
အသာ လေး ဖွဖွတို့ရင်း ခေါ်နေပေမဲ့
နည်းနည်းလေးတောင်လှုပ်မလာတဲ့Jimin က
အတော်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရသည်။

ဒီကောင်လေး ဆံပင်တွေရှည်လာတာ
ရှေ့ဆံပင်တွေက မျက်လုံးပါအုပ်နေပြီ

ဆံပင်အုပ်အုပ်လေးတွေလှန်တင်လိုက်တော့
ပေါ်လာတဲ့ နဖူးပြင်ကျယ်လေးကို
ခပ်ဖွဖွ မွှေးကြူ မိသည်။

တစ်စက်လေးတောင်လှုပ်မလာတဲ့
လူသေးသေးလေးကိုကြည့်ရင်း
ပြုံးမိရပြန်သည်။

နောက်သုံးလေးခေါက်လောက်နမ်းပြီးတာတောင်
နိုးမလာသေးပေ...
မနှိုးပဲ ဒီအတိုင်းပဲ ထပ်ထပ်ပြီးနမ်းနေလိုက်‌တော့ရင်ကောင်းမလားပဲ.... ။

Yoongiရင်ခွင်ထဲရောက်နေတဲ့မျက်နှာလေးနှင့်
တတန်းတည်းဖြစ်သွားအောင်
ကိုယ်ကိုအနည်းငယ်အောက်လျှောလိုက်သည်။

အေးအေးချမ်းချမ်းအိပ်နေတဲ့ပုံစံလေးက
တစ်ကယ်ကို ချစ်ဖို့ကောင်းသည်။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now