[24]

3.2K 496 94
                                    

[UNICODE]

ကားဖြည်းဖြည်းမောင်းတာအပြင်
ညနေစာလည်း အရင်သွားစားခဲ့သေးသည်မို့
Yoongiနှင့် Jimin နှစ်ယောက်သား
သူတို့နေတဲ့ တိုက်ခန်းရှေ့ကို
ရောက်တဲ့အချိန်မှာ  အတော်မိုးချုပ်နေခဲ့ပြီ။

ထုံးစံအတိုင်း သူ့တိုက်ခန်းတံခါးဆီကို
ဦးတည် သွားနေတဲ့ Jimin ကို
Yoongi လှမ်းဆွဲလိုက်ရင်း သူ့အခန်းဆီခေါ်လာခဲ့လိုက်သည်။

**Yoongi hyung  ဘာလို့လဲ **

**ဘာလို့အဲ့အခန်းသွားမှာလဲ ... လူလည်းမရှိဘဲ. ... **

**လူမရှိဘူး???.. Seokjin hyung ကဘယ်ရောက်သွားလို့လဲ **

**ဘယ်သွားလဲတော့မသိဘူးလေ မင်းအိမ်ပြန်သွားထဲကပျောက်နေတာ ပဲ **

**ဒါဆိုလည်း Yoongiနဲ့ပဲနေရမှာပေါ့**

**အင်း**

Yoongiနောက်ကနေ လိုက်ဝင်လာရင်း
Jimin ရဲ့အတွေးရထားကြီးကတော့
သူ့အကို ပျောက်နေတဲ့အကြောင်းဆီသို့..

ဒီရက်ပိုင်းမှာ သူ
ရည်းစားထားတဲ့ဆီပဲအာရုံရောက်နေလို့
Seokjin Hyungနဲ့
အဆက်အသွယ်မလုပ်ဖြစ်ခဲ့ဘူး

အိမ်ပြန်မလာတာကြာပြီတဲ့လား

မဟုတ်မှလွဲရော

လူကုန်ကူးတဲ့သူတွေ ဖမ်းသွားတာခံရ..
ရုပ်ချောလို့ဆိုပြီး တရုတ်သူဌေးမကြီးတွေဆီ
ရောင်းစားခံလိုက်ရတာများလား ...

ဒါမှမဟုတ်....

Seokjin Hyung ကအရမ်းအစားပုပ်တယ်ဆိုပြီး
ဦးလေးနဲ့ဒေါ်လေး က
မကျွေးနိုင်တော့လို့ ဟန်မြစ်ထဲ
ပစ်ထုတ်လိုက်ပြီလား

ငါ့ရဲ့ Hyungလေး အေးစက်တဲ့ဒီရာသီဥတုကြား
ဟန်မြစ်အလယ်မှာ ယက်ကန်ယက်ကန် ဖြစ်နေရှာပြီလား..... သနားလိုက်တာ...

မဟုတ်လောက်ပါဘူး
ဦးလေးက သူဌေးပဲဟာကို...

အဲ့လိုပစ်ချခံရတယ်ဆိုရင်တောင်
Namjoon Hyungကတော့
လိုက်ဆယ်လောက်ပါတယ်...

ထားလိုက်တော့
နောက်မှပဲ ဖုန်းဆက်မေးပါတော့မယ်လေ ..

ကားမောင်းလို့ညောင်းပြီးပင်ပန်းလာတဲ့
ကျွန်တော့်ရည်းစားလေးကို
မအိပ်ခင်သွားနှိပ်ပေးလိုက်ဦးမယ်....

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now