[20]

3.7K 493 107
                                    

#U

ညခုနစ်နာရီကျော်ခန့်အချိန်.
မီးရောင်မှိန်မှိန်လေး သာလင်းနေသော
ကော်ဖီဆိုင် လေးရှေ့ တွင်ပြုံးရင်းရပ်နေသူ တစ်ဦး..

ဆိုင်လေးထဲမှ လူတစ်ယောက်ထွက်လာကာ
တံခါးဝရှိ Closed စာသားလေး အားချိတ်ဆွဲနေသည်ကို မြင်တော့ အနားသွားကာ
နှုတ်ဆက်စကားဆိုသည်။

**မတွေ့တာကြာပြီနော် Sejun hyung**

**oh! Yoongi ပဲ ဘယ်တုန်းကBusanကိုရောက်နေတာလဲ... Jiminကိုလာကြိုတာလား**

**ဟုတ်ကဲ့ Hyung**

**ဒါကြောင့်ကိုး... Jimin က ဒီနေ့နောက်ကျတဲ့အထိမပြန်ဘဲ အလုပ်တွေကြိုးစားနေတယ်ထင်တာ Yoongiကိုစောင့်နေတာလား**

**Jiminine က အလုပ်တွေကြိုးစားနေတာလား... လိမ္မာ လိုက်တာ **

**တော်ပြီ .. ငါ့ရှေ့မှာ လာroမနေနဲ့ အနောက်ကစတိုခန်း ထဲမှာ Jimin က မြန်မြန်ခေါ်ပြီးသာသွားကြတော့**

**Nae hyung... **

အတွဲတွေ အမြင်ကတ်လိုက်တာ
ဝေးဝေးသွားကြစမ်းဆိုတဲ့ Sejin hyungပုံစံကြောင့်
Yoongi ဘာမှဆက်မပြောတော့ဘဲ
Jimin ရှိရာသာ ထွက်လာခဲ့တော့သည်။

အမှန်တော့ Sejin hyungပြောသလို
Jimin က သူလာကြိုမည်မှန်းသိလို့
နောက်ကျတဲ့အလုပ်လုပ်နေခြင်းမဟုတ်ပေ။
သူလာမည်ကိုတောင် အသိမပေးထား... ။
Companyက အလုပ်ပြီးသည်နှင့်
ချက်ချင်း ကားမောင်းထွက်လာပြီးနောက်
ကျွန်တော်အိမ်ပြန်ရောက်ပြီနော် ဆိုတဲ့
ဖုန်းcallလေး မရသေးတာကြောင့်
Yoongiဆိုင်ကိုတန်းပြီးလာကြိုခြင်းဖြစ်သည်။

Yoongi စတိုခန်းထဲဝင်လာခဲ့တော့
တစ်ယောက်ထဲ ကော်ဖီစေ့အိတ်တွေရေတွက်လိုက်
စာရင်းကိုပြန်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေသော
Jiminလေးကို တွေ့ရသည်။

ရက်အတော်ကြာခွဲနေရပြီးနောက်
အရမ်းလွမ်းနေသည့်အချိန်ပြန်တွေ့ရလို့လား..

Jiminရဲ့ ဒီလိုလေးနက်နေတဲ့ပုံကို
ပထမဆုံး မြင်တွေ့လိုက်ရလို့လား. .. မသိ

Yoongiရဲ့အမြင်မှာ
ဖောင်တိန်တစ်ချောင်းကိုင်ရင်း စာရင်းမှတ်နေတဲ့
Jiminရဲ့ ပုံစံက တစ်ကယ်ကို
ဆွဲဆောင်မှု ရှိနေခဲ့သည်။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now