[ 4 ]

4.4K 599 36
                                    

#U

**Seokjin Hyung ဘာလို့ခုမှပြန်လာတာလဲ**

Seokjinအိမ်ပြန်ရောက်လို့ တံခါးဖွင့်လိုက်သည်နှင့်
Jiminရဲ့အသံကိုတန်းကြားရတော့သည်။

**Jimin တစ်ယောက်ထဲဖြစ်နေတာလား sorry Hyungက မင်းYoongiနဲ့ရှိနေမယ်ထင်လို့ **

**သူ့အကြောင်းမပြောနဲ့**

ရန်ဖြစ်ထားပြန်ပြီထင်တယ်။
စူပုတ်ပြီး အခန်းထဲဝင်သွားပြီ။
ကြက်ကြော်စားမလားတောင်မမေးလိုက်ရဘူး
မှာလိုက်မယ် စားမှာပါလေ ။

ခဏအကြာ ကြက်ကြော်ရောက်လာလို့
ထွက်ယူတော့ Yoongiနဲ့တည့်တည့်တိုးသည်။

**Seokjin hyung , Jimin ရှိတယ်မလား **

**အေး ရှိတယ် ဝင်ခဲ့လေ သူ့အခန်းထဲမှာ Jiminက**

**ကျွန်တော့်ကို သွားခေါ်ပေးပါလား **

**ဘာလို့လဲ မင်းဘာသာ သွားရင်လည်းရ.... အေးပါနေတော့ ငါသွားပေးမယ်**

Jiminရဲ့အခန်းတံခါးကို ဆွဲဖွင့်ပြီး
ကြည့်လိုက်တော့ အိပ်ရာပေါ်မှာလှဲနေတာ ...
အိပ်တော့အိပ်မနေ ဖုန်းကြည့်နေပုံရသည်။

**Jimin အပြင်ထွက်ခဲ့ဦး **

**Hyung ဘာလို့လဲ**

**Yoongiက... **

Seokjin စကားမဆုံးသေးခင် ဘေးနားကို တစ်ယောက်ယောက်ရောက်လာသည်။

**Jimin အိမ်မှာမုန့်ဝယ်ထားတယ် လာစားမလား**

Yoongi ကိုတွေ့သည်နှင့်
Jiminတစ်ယောက်မျက်နှာကချက်ချင်းရှုံ့မဲ့သွားသည်။

**မစားဘူး**

ဧည့်ခန်းထဲ ကြက်ကြော်ဆီပြန်သွားဖို့လုပ်နေတဲ့
Seokjinတောင် ရပ်တန့်သွားသည်။
Park Jiminတို့တစ်ကယ် စိတ်ဆိုးနေတာဖြစ်ရမယ်။
ဒီထက်ပိုပြီး မုန့်နဲ့ ချော့လို့မရတော့...
သူ့အတွေးမဆုံးသေးခင် အသေးလေးဆီက
အသံထပ်ထွက်လာသည်။

**ဘာဝယ်ထားတာလဲ **

**ပဲနီလေး ရေခဲသုပ်**

**စားပွဲခုံမှာ ဒီအတိုင်းတင်ထားခဲ့တာ ပျော်ကုန်ရင်စားမကောင်းဘဲနေလိမ့်မယ် မြန်မြန်လာ**

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now