[10]

4.2K 558 80
                                    

#U

Yoongiတစ်ယောက် ရှေ့တွင်ချထားသော
ခေါက်ဆွဲပြုတ်ကို အေးဆေးမစားနိုင်သေး
ခဏခဏ လာနေသော ဖုန်းcallများကို အရင်ရှင်းနေရသေးသည်။
ဖုန်းတခဏပြီးတခဏလာနေရသည့်အကြောင်းက
Company နားရောက်နေပြီပြောသော်လည်း
အခုချိန်ထိလူကိုမတွေ့ရသေးသောကြောင့်
တွေ့ရမည့်ချိန်းထားသည့်PDက
မလာသေးဘူးလား မေးနေခြင်းပင်။

Company နားကခေါက်ဆွဲဆိုင်တွင်
နေ့လည်စာမစားရသေးသော
Jimin အားခေါက်ဆွဲပြုတ်လိုက်ကျွေးနေသော
Yoongiသည်လည်း ရောက်တော့မယ် လာနေပြီဟု
မှင်သေသေနှင့်ဆက်ဖြေနေဆဲ ... ။

Company နားရောက်ရောက်ချင်းပင်
ခေါက်ဆွဲပြုတ်လေးကို
သတိတရရှိကြောင်းစျေးဗန်းခင်းနေတဲ့
အကောင်ပေါက်စလေးကြောင့်
ခေါက်ဆွဲဆိုင်ကို အရင်ရောက်သွားရခြင်းပင်.. ။

ဒီအနီးအနားပတ်ဝန်းကျင်က ဆိုင်တွေကို
လူမရောက်ဖူးရင်သာရှိမည်
ဆိုင်နာမည်လေးနှင့် ဘာစားကောင်းလဲဆိုတာတော့
Park Jiminတို့ ညက်ညက်ကျေအောင်သိနေသည်။

သူcompanyသွားတဲ့နေ့ဆို
Yoongi ရေ ဟိုဆိုင်ကဘာမုန့်လေးဝယ်ခဲ့ပါ
ဒီဆိုင်က ဘာလေးကို စားချင်နေလို့ပါဆိုပြီး
ဖုန်းထဲကနေမှာနေကျကိုး.... ။

Jimin ကမမှာရင်တောင်
သူကိုယ်တိုင်ကလည်း
ဘာမုန့်ဝယ်ခဲ့ရမလဲ ဖုန်းဆက်ပြီးမေးမိနေတာ
အလုပ်သွားတဲ့ အဖေက သားလေးအတွက်
အပြန်ကို မုန့်ဝယ်ခဲ့ပေးနေသည့်အတိုင်း ။

Yoongiဆီကိုဖုန်းခဏခဏလာနေတာ
သတိထားမိတော့ Jiminကမေးရှာသည်။

**Yoongi ချိန်းထားတာနောက်ကျနေပြီလား ကျွန်တော်မြန်မြန်စားလိုက်မယ်နော် **

**ရတယ် အရေးမကြီးဘူး ဖြည်းဖြည်းစားအပူလောင်မယ် **

ဗိုက်ဆာဆာနှင့် စောင့်နေသော
PDတစ်ယောက် သွေးတစ်ပွက်အန်ရင်းဖုန်းချသွားပြီ
မင်းအဲ့မှာ ခွံ့ပါကျွေးနေလိုက်တော့
ငါလည်း သွားစားတော့မယ်
ဘယ်နှယ့် စောင့်နေရတဲ့သူမှ အားမနာ
ငါလည်း ပြန်လာချင်တဲ့အချိန်မှာ စားပြီးပြန်လာမယ် ။

Companyတွင်ရှိသော Yoongi အလုပ်ခန်းကို
ရောက်တော့ PD မရှိတော့တာကြောင့်
တခြားလုပ်စရာရှိတာလုပ်နေရင်းပဲ လုပ်ကာ
စောင့်နေလိုက်သည်။
Jiminကတော့ keyboard ကို တဒေါင်ဒေါင်တီးနေသည်။
Yoongiရေးထားတဲ့သီချင်းဟု ဝမ်းသာအားရ တီးပြနေသော်လည်း
Yoongiကတော့ တစ်ခါမှမကြားဖူးသလိုပင်။
ဒါပေမဲ့ လည်း ပြုံးနေရတာပဲ... ။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now