အပိုင်း - ၁၇

23.1K 3.7K 91
                                    

{Zawgyi}

•ဘေဘီ မင်းရဲ့လက်ဖဝါးက စိုရွှဲနေတာပဲ•

သူပြောလိုက်တဲ့ သူကြိုက်တယ်ဆိုတဲ့တစ်ယောက်က ကျီလျောင်ဆိုတာကို သတိမထားမိသေးခင်အထိ မန်ယောင်ယောင်အချိန်အနည်းငယ် တောင့်တင်းနေခဲ့တယ်။

ပထမဦးဆုံး ဟဲ့ချန်းမင်က ဂေးဖြစ်မယ်ဆိုတာ ဘယ်တုန်းကမှမထင်ခဲ့ဖူးတာကြောင့် သူမထိတ်လန့်သွားခဲ့တယ်! သူမဆုံးရှုံးသွားတယ်လို့ ခံစားရတယ် ဘာကြောင့်ဆို ဒါသူမအတွက် ဝန်ခံဖူးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး အငြင်းခံလိုက်ရတာကြောင့်ဖြစ်တယ်! နောက်ဆုံးတော့ သူမစိတ်သက်သာရာရသလို ခံစားရတယ်။ သူမမကောင်းတာကြောင့်မဟုတ်ဘဲ _ သူကယောကျာ်းလေးတွေကို သဘောကျတာကြောင့်ဖြစ်တယ်!

မန်ယောင်ယောင် အသက်ကို၀၀ရှုပြီး အေးချမ်းတဲ့အပြုံးလေးပြုံးပြီး ပြောလာတယ် “ကောင်းပြီလေ ဒါဆိုရင်လည်း ရှင်တို့နှစ်ယောက်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်”

ဟဲ့ချန်းမင်ရဲ့အပြုအမူကတော့ တရင်းတနှီးမရှိဘဲ သူမကိုအေးတိအေးစက်နဲ့ အသံထွက်တယ်ဆိုရုံလေးပဲ အသိအမှတ်ပြုလိုက်တယ်။ အစောနတုန်းက ကျီလျောင် မန်ယောင်ယောင်ကို ကြည့်တဲ့ပုံကို ပြန်တွေးမိရင် သူကိုယ်တိုင်ကလည်း ယောကျာ်လေးဖြစ်တာကြောင့် ကောင်းကောင်းကြီးနားလည်တာပေါ့… သူမတရားစိတ်အနှောင့်အယှက်ဖြစ်သလိုခံစားရတယ်။

သူ့ဘေးနားမှာတော့ ကျီလျောင်က ဟဲ့ချန်းမင်လက်ဖဝါးနဲ့သူ့မျက်လုံးကို ပိတ်ထားတဲ့အတိုင်းပဲ သစ်သားတုံးကြီးလို ရပ်နေတယ်။ သူ့အသိစိတ်ကတော့ လှုပ်ရှားလို့ရတဲ့ထိပြန်မလည်ပတ်သေးဘဲ သူ့နားထဲမှာတော့ သူ့နှလုံးခုန်သံတောင် ပြန်ကြားနေရတယ်။

“ငါအရင်သွားလိုက်တော့မယ်” သူမရဲ့နူးနူးညံ့ညံ့ပုံစံလေးကို ထိန်းပြီးလှည့်ထွက်သွားတယ်။ အခုတော့ ကျီလျောင် ဟဲ့ချန်းမင်ရဲ့လက်ကိုဆွဲချပြီး အတော်လှမ်းလှမ်းကိုရောက်နေပြီဖြစ်တဲ့ မန်ယောင်ယောင်ကိုကြည့်လိုက်တယ်။ သူမကနောက်ပြန်လှည့်ကာ မျက်စိမှိတ်ပြပြီး “စိတ်မပူပါနဲ့၊ နင်တို့ရဲ့လျှို့ဝှက်ချက်ကို ထိန်းပေးထားပါ့မယ်”

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now