အပိုင်း - ၆၉

8.4K 1.6K 33
                                    

{Zawgyi}

•ကိုယ်အိပ်မှာကို အဖော်ပြုပြီးနေနေပေးပါနော်•

ဟဲ့မုရှန်းထွက်သွားပြီးနောက် အခန်းက နှစ်စက္ကန့်လောက်တိတ်ဆိတ်သွားတယ်။

ကျောင်မေးလန် မိန်းမောနေရာမှအသိပြန်ဝင်လာပြီး သူမလက်ထဲက ဘဏ်စာအုပ်ကိုဆုတ်ကိုင်ပြီး သုညရှစ်လုံးကို ရေကြည့်နေတယ်။ သူမအသက်ကိုပြင်းပြင်းရှုကာ တုန်ရီနေတဲ့အသံနဲ့မေးလိုက်တယ် "အမေ့ကို ဖုံးကွယ်ထားတာ ဘယ်လောက်တောင်လဲ ရှောင်းမင်?"

ကျောင်မေးလန် ဒါကိုစိတ်တောင်မကူးခဲ့မိဘူး။ ဒီပိုက်ဆံတွေအားလုံးက သူမသားဟာ။ သူမသားအပိုင်ဆိုတော့ သူမနဲ့လည်းဆိုင်တယ်မှတ်လား?

ဒါပေမယ့် ဟဲ့ချန်းမင်က သူမကိုမျှော်လင့်ချက်ဘာမှမပေးဘဲ ဆရာဝန်ခေါ်တဲ့ခလုတ်နှိပ်ကာ သာမန်ကာလျှံကာပြောလိုက်တယ် "အဲ့တာ အမေနဲ့ဘာမှမဆိုင်ဘူး" ကျောင်မေးလန် ထိတ်ပြာသွားပြီး သူ့လက်ကိုလှမ်းဆွဲတယ်။ "မင်းက အမေ့ရဲ့သား၊ အမေနဲ့ မဆိုင်ဘူးဆိုရင် ဘယ်သူနဲ့ဆိုင်သွားတာလဲ?"

ထိုအချိန်မှာ သူနာပြုက တံခါးခေါက်ပြီး လက်ထဲမှာသူမရဲ့ဆေးမှတ်တမ်းပိုက်ပြီး ဝင်လာချိန် အိပ်ရာဘေးကလူငယ်လေးက အေးတိအေးစက်ပြောလိုက်သံကို ကြားလိုက်ရတယ် "Ms.ကျောင်က ထူထူထောင်ထောင်ပြန်ဖြစ်နေပြီပဲ၊ ဒီလိုသာဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်ဒီမှာအဖော်ပြုပေးဖို့ အချိန်မပေးနိုင်တော့ဘူး"

သူမကို ဂရုစိုက်ပေးဖို့မလာခင်မှာ သူ့ရဲ့ဇနီးလေးကိုတောင် မနှစ်သိမ့်ခဲ့ရဘူး။ သူမဆူဆူညံညံလုပ်ပြီး ပြဿနာရှာရအောင် သူလာတွေ့တာမဟုတ်ဘူး။

သူမမလွန်မိခင် ကျောင်မေးလန် ပြောနေတာကိုရပ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမမှာ ဟဲ့ချန်းမင်ဆိုတဲ့ သားတစ်ယောက်တည်းကျန်တော့တယ်။ တကယ်တော့ သူမလည်း ဟဲ့ချန်းမင်ကိုဆေးသောက်ခိုင်းခဲ့တဲ့ကိစ္စကြောင့် အပြစ်မကင်းသလိုခံစားရတယ်။ အဲ့အချိန်တုန်းက သူစိတ်လွတ်သွားမှာစိုးရိမ်တာကြောင့် သူ့ကိုအတင်းအကျပ်လုပ်ခဲ့မိတယ်။

သူနာပြုက ကြမ်းပြင်ပေါ်မှာကျနေတဲ့ အကြောဆေးသွင်းပေးထားတဲ့အပ်ကိုမြင်တော့ မျက်မှောင်ကြုတ်သွားတယ်။ ဒါပေမယ့် ဌာနခေါင်းဆောင်က ဒီအမျိုးသမီးက ဟဲ့groupရဲ့နာမည်ကြီးနေတဲ့အမျိုးသမီးဆိုတာကို ရှင်းပြထားတာကြောင့် ဘာမှမပြောရဲဘဲ ဘေးကနေသာ ကြောင်တောင်တောင်လေးရပ်ကြည့်နေလိုက်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Tahanan ng mga kuwento. Tumuklas ngayon