အပိုင်း - ၄၆

11.7K 2.1K 44
                                    

{Zawgyi}

•ဘာကို ဘဲ လဲ? ဒါက မူပိုင္ရွင္ကြ!•

လူတိုင်းဝါးလုံးကွဲ ရီကုန်ကြတယ်။

တစ်စုံတစ်ယောက်က ဟဲ့ချန်းမင်သီချင်းဆိုတာကိုကြားချင်တယ်လို့ ပြောလာတယ်။ ဘာတစ်ခွန်းမှမပြောဘဲ လင်ကျန်းက မိုက်ခွက်ကိုယူလာပြီး အော်ဟစ်လိုက်တယ် “လာပါဗျာ၊ မင်ကောအတွက် ‘နှစ်ဆပျော်မယ်’ဆိုတဲ့ သီချင်းရွေးပေးလိုက်”

အဲ့တာကိုကြားတော့ ဟဲ့ချန်းမင်က လင်ကျန်းယိုင်ထွက်သွားအောင် သူ့ရဲ့တင်ပါးဆုံရိုးနားကို အသာလေးကန်လိုက်တယ်။ တစ်စုံတစ်ရာကို မှတ်မိသွားသလိုမျိုး ပြောလိုက်တယ် “ ‘အနက်ရောင်ရေလှိုင်း’ကို ပြောင်းလိုက်”

ဟဲ့ချန်းမင်က အဲ့သီချင်းဆိုနေတတ်တာကို မကြာခဏကြားဖူးနေတာကြောင့် သူဒီသီချင်းကိုကြိုက်ပုံရတယ်။

အစပိုင်းကနေ တဖြည်းဖြည်းအရှိန်တက်လာတယ်။ ဟဲ့ချန်းမင်က မိုက်ခွက်ကိုကိုင်ထားပြီး ဆိုဖာကိုမှီပြီးထိုင်နေတယ်။ သူ့ရဲ့ခပ်သြသြ ညှို့ဓာတ်ပြင်းလှတဲ့အသံကြီး ထွက်ပေါ်လာတယ်။ တစ်ကြောင်းတည်းနဲ့တင် လူတွေကို မိန်းမောစေတယ်။

“ကံဆိုးမိုးမှောင်ကျမှုတွေ နောက်တစ်ဖန်ဖြစ်လာမှာ ကြောက်ရွံ့နေမိ.. ကိုယ့်ဘဝထဲမှာ ကိုယ့်ရဲ့ဘဝထဲမှာ”

“တစ်စုံတစ်ရာက ပိုပြီးလှပလာလေလေ ကိုယ်မထိဝံ့လေပါပဲ”

ချန်တုံဘာသာစကားရဲ့ ခံစားချက်အရိပ်အငွေ့တွေ သယ်ဆောင်နေပြီး သူ့အကြည့်တွေက သူ့ဘေးနားက လူငယ်လေးဆီပဲ ကျရောက်နေတယ်။ သူရဲ့လက်ဖဝါးကို ကောင်လေးပုခုံးပေါ်တင်ထားပြီး သူ့လက်မနဲ့ပိန်ပါးပါးညှပ်ရိုးလေးကို တောက်လျှောက်ပွတ်နေတယ်။

ပုံမှန်ဆို ကျီလျောင်ကရှက်နေလောက်ပေမယ့် အခုက ယမကာလေးနည်းနည်းဝင်ထားတော့ ရီဝေဝေလေးဖြစ်နေတယ်။ သူကိုယ်တိုင်လည်း ဟဲ့ချန်းမင်ရဲ့သီချင်းမှာ စီးမြောနေပြီး သူ့မျက်လုံးထဲမှာ အချစ်တွေပြည့်နှက်နေကာ ထိုသူ့ကိုပြောင်ပြောင်တင်းတင်းပဲ ပြန်ကြည့်နေတယ်။

သူတို့အတွဲရဲ့မန်ဘာဝင်တစ်ယောက်ဖြစ်တဲ့ ရှုရှောင်ကျင်းက မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့်သာဆင်ယင်ထားပေမယ့် ရင်ထဲမှာတော့ ရူးသွပ်မတတ်အော်ဟစ်နေမိတယ်။ အား အား အား.. တကယ့်လက်တွေ့မှာကျွေးတဲ့ခွေးစာက သူမကို သတ်နေသလိုပဲ။ သူမမျက်နှာကို ကွယ်ပြီး မန်ယောင်ယောင်ပေါ် လှဲချလိုက်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now