အပိုင်း - ၇၄

8.1K 1.5K 23
                                    


{Zawgyi}

•ခါးနောက်ပိုင်းကို နမ်းရှိုက်ဖို့အတွက် ခေါင်းစောင်းလာ•

သူတို့ဝင်လာချိန်မှာ ရှုအိုက်ဝမ်က ညစာကိုပြင်ဆင်ပြီးနှင့်နေပြီ။

အရောင်အသွေးအစုံ၊ ပြည့်စုံတဲ့အနံ့အရသာတွေနဲ့ ဟင်းပွဲပေါင်းမြောက်များစွာခင်းကျင်းထားတယ်။ ကျီလျောင် အပြေးလေးကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို သူ့အမေက တော်တော်လေးဘက်လိုက်တယ်လို့ ခံစားလိုက်ရတယ်။ သူမပြောတော့ ဟဲ့ချန်းမင်ကို သဘောမကျဘူးဆိုပြီးတော့ ဒါပေမယ့် သူလာတဲ့အချိန်တိုင်း ဟင်းကောင်းတွေအများကြီး အမြဲတမ်းပြင်ဆင်ပေးတယ်။

ကျီလျောင်လည်း ဗိုက်ဆာနေပြီဖြစ်လို့ တူတစ်စုံကောက်ကိုင်ပြီး မြည်းစမ်းကြည့်ဖို့ပြင်လိုက်ပေမယ့် စွပ်ပြုတ်ပူပူတချို့သယ်ကာ ထွက်လာတဲ့ရှုအိုက်ဝမ်က တားလိုက်တယ် “တျန်းတျန်း လက်သွားဆေးအုံး” ကျီလျောင် နှုတ်ခမ်းဆူကာ တူကိုပြန်ချပြီး တွန့်ဆုတ်ဆုတ်နဲ့ လက်သွားဆေးတော့တယ်။

ဟဲ့ချန်းမင် ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်တယ် “အန်တီ”

သူ့အပေါ်မှာထားတဲ့ ရှုအိုက်ဝမ်ရဲ့ သဘောထားက အတော်လေးကောင်းလာပြီဖြစ်ကာ အရင်ကလိုမျိုး ရှောင်ဖယ်မနေတော့ဘူး။ သူမအသာပြန်ပြောတယ် “ရှောင်ဟဲ့ သူ့နောက်လိုက်သွား” ဟဲ့ချန်းမင် ဝမ်းသာလုံးဆို့သွားပြီး သူမလက်ထဲက စွပ်ပြုတ်အပူကို အမြန်လှမ်းယူပေးလိုက်တယ် “ကျွန်တော်သယ်ပေးမယ်” သူစွပ်ပြုတ်အိုးကို စားပွဲအလယ်မှာချပေးပြီး နောက်လှည့်ကာပြောလိုက်တယ် “အန်တီ ဒီလိုလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှုအိုက်ဝမ် အပြောချိုချိုကို သဘောကျသွားပြီး အသာလေးချောင်းဟန့်ကာ သူ့ကိုလက်အမြန်သွားဆေးဖို့ ပြောလိုက်တယ်။

ထမင်းစားဖို့ မိသားစုဆုံညီထိုင်လိုက်ကြတယ်။

ကျီလျောင် သတိတရနဲ့အိမ်ရှင်နေရာကို ယူလိုက်တယ်။ သူရဲ့ ဧည့်သည်တစ်ဖြစ်လဲ ချစ်သူကောင်လေးဟဲ့ချန်းမင်အပေါ် အရမ်းအာရုံစိုက်ပေးပြီး ရွှေဖရုံသီးကြော်တစ်တုံးယူကာ လှမ်းပေးရင်းပြောလိုက်တယ် “ဒါလေး စားလို့ကောင်းတယ်”

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now