အပိုင်း - ၅၇

9.7K 1.7K 60
                                    

{Zawgyi}


•သားရဲတစ်ကောင်ကို စေ့စေ့စပ်စပ်ကြည့်နေသလိုမျိုးစိုက်ကြည့်•


ဟဲ့ချန်းမင် မျက်လုံးအရောင်တောက်သွားပြီး ရှေ့ကိုနှစ်လှမ်းတိုးသွားတယ်။ သူ့ရဲ့နွေးထွေးတဲ့လက်ဖဝါးက နူးညံ့ဖြူဖွေးနေတဲ့ အသားအရေပေါ်ကို နယ်ချဲ့လာတယ်။ သူ့ခေါင်းကိုငုံ့ကာ နားထဲလေမှုတ်လိုက်ပြီး "ဘေဘီ မီးငြိမ်းသွားအောင်လို့ ပြွန်ချောင်းကြီးကိုကိုင်ချင်လား?"

ခပ်သာသာလေးထွက်ပေါ်လာတဲ့ သူ့လေသံက ဆွဲဆောင်မှုရှိလို့နေတယ်။

ကျီလျောင်မျက်နှာကို လှည့်ပစ်လိုက်တယ်။ သူ့ဘာသူလည်း တွေးနေသေးတယ်။ မင်းကိုကိုင်ခွင့်ပေးတာတောင် တော်တော်လုံလောက်နေပြီဟာကို ထပ်ပြီးတောင်းဆိုနေသေးတယ်။ သူ့နှုတ်ခမ်းသူကိုက်ကာ ဘာမှပြန်မပြောတော့ဘူး။

ဟဲ့ချန်းမင်အသာရယ်ကာ ကျီလျောင့်ရဲ့မေးချွန်ချွန်လေးကို ကိုင်လိုက်တယ်။ သခင်ကိုကပ်ဖားယပ်ဖားလုပ်နေတဲ့ ခွေးလေးတစ်ကောင်လိုမျိုး ကြော့ရှင်းတဲ့လည်တိုင်တစ်လျှောက် ဖိကပ်နမ်းကာ အားရအောင်စုပ်ပြီးတော့မှ ပြန်လွှတ်ပေးလိုက်တယ်။

သူ့ရဲ့အဆုံးသတ်လုပ်သွားပုံကို သဘောမကျတာကြောင့် ကျီလျောင်မျက်မှောင်ကြုတ်သွားတယ်။

လှေကားပေါ်ပြန်မတက်ခင်မှာ ခဏလောက်တွေးတောနေပြီး ဒီကိစ္စကိုရှင်းသွားအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ် "ဒီအကြောင်းနဲ့ ပက်သက်ပြီး ငါ့အမေကိုမပြောနဲ့"

သူ့ထက်စာရင် ရှုအိုက်ဝမ်ကပိုအပြစ်ကင်းတယ်။ ဟန်ချက်ညီနေတဲ့မိသားစုလေးတစ်စုက ပြိုကွဲသွားရတဲ့အပြင် တစ်ဦးတည်းသောသားလေးကလည်း ဆွဲထုတ်ခံလိုက်ရတယ်။ ကံကောင်းချင်တော့ အခုချိန်မှာ သူလည်းဘဝသစ်တစ်ခုပြန်စနေပြီ မဟုတ်ရင် သူဟဲ့ချန်းမင်ကို သေချာပေါက်မုန်းမိလိမ့်မယ်။

"ကောင်းပါပြီ" လူငယ်လေးက သူ့ရဲ့လူးလွန့်နေတဲ့ ခံစားချက်တွေကို ထိန်းချုပ်ပြီး အလေးအနက်ဖြေလိုက်တယ်။

ဘာမှပြောစရာမရှိတော့တာကြောင့် ကျီလျောင်လည်း လက်ဆောင်ဘူးလေးပိုက်ပြီး အပေါ်တက်ခဲ့လိုက်တယ်။ အခုချိန်မှာ အဲ့အမျိုးသားလေးနဲ့ လမ်းမခွဲချင်ဘူး။ ဒါပေမယ့် သူတို့ဆက်ပြီးတွဲနေရင်လည်း ကျီချင်းဝမ်ကိုဝမ်းနည်းအောင် လုပ်နေမိသလိုခံစားရတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now