အပိုင်း - ၈၅

8.8K 1.5K 109
                                    


{Zawgyi}

•ဒါက သူတို့ရဲ့နောက်ဆုံးပေါ် စကားဝှက်•

နောက်ဆုံးစာမေးပွဲဖြေပြီးတဲ့နောက်မှာ ကျောင်းသားတွေက ထောင်ထဲကလွတ်လာတဲ့လူတွေလိုမျိုး သူတို့အိတ်တွေဆွဲကာ အပြင်ကို ပြေးထွက်လာကြတယ်။ အုပ်စုတွေဖွဲ့ကာ အားလပ်ရက်မှာ ဘယ်ကိုသွားကြမလဲ ဒါမှမဟုတ် ဘယ်လိုကျူရှင်မျိုးတွေယူကြမလဲဆိုတာကို ဆွေးနွေးနေကြတယ်။

ကျီလျောင် ယုကျင်းကိုမတွေ့တာ အတော်ကြာနေပြီ။ အရင်အတိုင်းပဲ တက်တက်ကြွကြွနဲ့ စကားများနေတုန်းပဲဖြစ်ကာ အခု လီယုရှင်းရယ် တခြားသူတွေရယ်နဲ့ စကားပြောနေတယ်။

သူအထုတ်အပိုးတွေသိမ်းနေတာမြင်တော့ ယုကျင်းအပြေးလေးရောက်လာပြီး ပြောတယ် "အတူတူသွားစားကြမလား? မင်းကိုမတွေ့တာတောင် အတော်ကြာပြီ သားရီးရာ" သူတို့နောက်ဆုံးအကြိမ်တွေ့တုန်းက နှစ်သစ်ကူးအချိန်ဖြစ်ပြီး ကျီလျောင့်ကို သူ့ခံစားချက်တွေဖွင့်ပြောဖို့ သွားခဲ့ပေမယ့် တစ်ခွန်းတောင်မပြောနိုင်သေးခင်မှာ ပြိုင်ဘက်ရဲ့ဖယ်ရှားခြင်းခံလိုက်ရတာဖြစ်တယ်။

ယုကျင်းက စိတ်သက်သာရာရသလိုမျိုး ခါးသီးစွာပြုံးလိုက်တယ်။ ကျီလျောင်က ဒီနှစ်ဝက်ကို ကောင်းကောင်းနေခဲ့ရတာဖြစ်မယ်။ ရုပ်ပိုင်းဆိုင်ရာလည်း ပိုကောင်းလာပြီး အရင်တုန်းကလိုမျိုး ပိန်ညှောင်လေးမဟုတ်တော့ဘူး။

"သွားမယ်လေ"

ကျီလျောင် တန်းပြီးသဘောတူလိုက်တယ်။ ဘယ်လိုနေနေ သူက နှစ်တွေအကြာကြီးခင်လာခဲ့ရတဲ့ သူငယ်ချင်းကောင်းဖြစ်တယ်။ သူရည်းစားထားလိုက်ကတည်းက သူ့သူငယ်ချင်းကို လျစ်လျူရှုထားသလိုဖြစ်ပြီး ပြီးခဲ့တဲ့ခြောက်လလုံးလုံး အဆက်အသွယ်မလုပ်ခဲ့ဘူး။

ဒါကိုတွေးကြည့်တော့ သူတကယ်ပဲ သူငယ်ချင်းတွေထက် ချစ်သူကို ဦးစားပေးသလိုဖြစ်နေတယ်။

ကျီလျောင်နဲ့ ယုကျင်းတို့နှစ်ယောက်သား တစ်ယောက်ပုခုံးပေါ်တစ်ယောက် လက်တင်ကာ နှစ်ယောက်လုံးဆင်ဂယ်တွေ ဖြစ်နေခဲ့တုန်းကအချိန်လိုမျိုး လျှောက်လာကြတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now