အပိုင်း - ၂၆

19.1K 3.1K 123
                                    



{Zawgyi}

•မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်•

ထိုညမှာ ကျီလျောင် “ညစ်ညမ်းစာအုပ်”ကို အိမ်ယူခဲ့လိုက်ရတယ်။

သူမယူသွားချင်ပေမယ့် ဟဲ့ချန်းမင်က ဒီစာအုပ်ကသူ့လွယ်အိတ်ထဲကထွက်လာတယ်ဆိုပြီး တိုက်တွန်းနေတာကြောင့်ဖြစ်တယ်။ စာကြည့်တိုက်ထဲမှာလည်း ထားခဲ့လို့မရ၊ လွင့်ပစ်လိုက်လို့လည်းမရနဲ့ အရမ်းကိုးရို့ကားယားနိုင်တဲ့အခြေအနေကြီးဖြစ်သွားခဲ့တာ။ တကယ်လို့တစ်ယောက်ယောက်က နေရာမှားပြီးထားသွားတယ်ဆိုရင်လည်း ပြန်ယူဖို့အတွက်သူ့ကိုလာရှာသင့်တယ်မှတ်လား?

အဲ့လိုနဲ့ပဲ အိမ်ကိုယူလာဖို့ဖြစ်သွားတယ်။

“ညစ်ညမ်းစာအုပ်”က အနှောင့်အယှက်ကင်းကင်းနဲ့ သူ့လွယ်အိတ်ထဲမှာရှိနေတယ်။ ကျီလျောင့်အကြည့်က အဲ့အပေါ်ရောက်ရောက်သွားတတ်ပြီး အဲ့တာကိုလည်းဖတ်ချင်စိတ်နည်းနည်းလေးဖြစ်နေတယ်။

သူအညှီအဟောက်စာအုပ်တွေဖတ်ဖူးပေမယ့် အားလုံးက ယောကျာ်းနဲ့မိန်းမအမျိုးအစားတွေချည်းပဲ။ ဗဟုသုတရသလောက်နီးနီးဖြစ်တဲ့ အခုလိုယောကျာ်းလေးချင်းစာအုပ်မျိုးကိုတော့ သူမြင်ဖူးတာပထမဆုံးဖြစ်လို့ ပိုပြီးတော့တောင် သိချင်စိတ်ဖြစ်မိတယ်။

သူ့နှလုံးသားထဲကနတ်ဆိုးငယ်လေးက သူ့ကိုကြိမ်နဲ့တို့နေသလိုမျိုးလုပ်နေတာကြောင့် ကျီလျောင်သွေးဆောင်တာကို သည်းမခံနိုင်တော့ဘူး။ မကြာခင်မှာပဲ သူ့ကိုယ်သူ “သင်ယူတယ်”လို့နှစ်သိမ့်ပြီး ကျောင်းလွယ်အိတ်ဇစ်ကိုဖွင့်ကာ စာအုပ်ထုတ်ပြီးဖတ်တော့တယ်။ ပထမဆုံးအပိုင်းမှာတင် အရမ်းစိတ်လှုပ်ရှားစရာကောင်းနေပြီ။ အုပ်စုဖွဲ့ရတဲ့လှုပ်ရှားမှုမှာတင် ဇာတ်လိုက်ကျော်ကြီးက မူးနေပြီး အမှားမှားအယွင်းယွင်းနဲ့ ဥက္ကဌအိပ်ရာထဲရောက်သွားပြီး ရလဒ်ကတော့ ထူးခြားတဲ့တညတာအိပ်ဖော်ဖြစ်သွားတယ်။

စာရေးသူက အိပ်ရာဝင်ခန်းကို လုံးဝအရမ်းထိထိမိမိကွက်ကွက်ကွင်းကွင်းရေးပြထားတယ်။ ကျီလျောင့်မျက်နှာကရဲပတောင်းခတ်နေပြီး သူ့မျက်လုံးတွေကတော့ ရေးပြထားတဲ့အမျိုးမျိုးသော မခံမရပ်နိုင်တာတွေနဲ့ သာယာနေတဲ့အဖြစ်အပျက်တွေကနေ မခွာနိုင်ဖြစ်နေတယ်။ သူအပိုင်းတွေအဆုံးထိပြီးသွားတဲ့ထိ အိမ်မက်လိုပဲထင်ယောင်နေတယ်။ အဲ့တော့ဒါက ယောကျာ်းလေးတွေဘယ်လိုမျိုး making loveလဲဆိုတာပေါ့…

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now