အပိုင်း - ၃၆

15.2K 2.7K 28
                                    

{Zawgyi}

•ယနေ့ ရာသီဥတုချိုမြိန်သည်•

တဖြည်းဖြည်းမိုးချုပ်လာပြီဖြစ်တယ်။ အချိန်ကိုကြည့်ပြီး အိမ်ပြန်ဖို့အချိန်ရောက်ပြီဆိုတာ ကျီလျောင်သိလိုက်တယ်။ ဟဲ့ချန်းမင်ကတော့ သူပြန်တော့မှာကို ဝမ်းနည်းနေတဲ့ပုံလေးနဲ့ကြည့်နေပြီး သနားစရာရုပ်လေးဖြစ်နေတယ်။

အေးစက်စက်နိုင်လွန်းတဲ့သူကို အပူပေးလိုက်မယ်ဆိုရင်တောင်မှ ထိုသူ့ရဲ့နှလုံးသားက အေးတိအေးစက်ဖြစ်နေအုံးမှာပဲ။

ဒီကောင်လေး ဒီနေရာကိုလာဖို့ဆိုတာ မလွယ်တာကြောင့် သူ့ကိုတကယ်ကြီး ပြန်မလွှတ်ချင်ဘူးဖြစ်နေတယ်။

သူနည်းလမ်းကို စဉ်းစားနေပေမယ့် ထရပ်ပြီးတော့ ပြောလိုက်သေးတယ်။ “အဲ့တာဆိုရင်လည်း ကိုယ်လိုက်ပို့ပေးမယ်”

သူ ကျီလျောင့်ကို ဖိအားမပေးချင်ဘူး။

ကျီလျောင် သဘောတူကြောင်းအသံပြုလိုက်ပြီး တံခါးဆီကို သူ့နောက်ကလိုက်သွားကာ ဖိနပ်လဲလိုက်တယ်။

ထိုအချိန်မှာပဲ ရှုအိုက်ဝမ်ဖုန်းဝင်လာတယ်။ သူအပြစ်မကင်းစွာကိုင်လိုက်ပေမယ့် သူမက ဒီနေ့ကုမ္ပဏီမှာ projectရဲ့သတ်မှတ်ရက်ကပ်နေပြီဖြစ်လို့ အသည်းအသန်လုပ်ရမှာကြောင့် တညလုံးအလုပ်လုပ်ရမှာဖြစ်တယ်လို့ပြောလာတယ်။ သူမပြန်လာတာကို မစောင့်ဘဲ စောစောအိပ်ဖို့ကို သတိလှမ်းပေးတာဖြစ်တယ်။

သူ့လက်တွေက တံခါးလက်ကိုင်မှာ တုန့်ဆိုင်းသွားပြီး “ဟုတ်ကဲ့ပါ”လို့ပြန်ဖြေကာ ကျီလျောင်ဖုန်းချလိုက်တယ်။ သူ့နှလုံးတွေတောင် ခုန်ပေါက်နေပြီး ဟဲ့ချန်းမင်ဘက်လှည့်ကာ ပြောလိုက်တယ် “ငါအိမ်မပြန်တော့ဘူး”

တကယ့်ကို စပရိုက်ဘဲ။

ပျော်လွန်းလို့ သူ့ကိုယ်သူတောင် မထိန်းနိုင်တော့ဘဲ တဖက်ကောင်လေးပေါ်ကို ခုန်တက်လိုက်တယ်။ ဟဲ့ချန်းမင်သူ့ကို လှမ်းပွေ့လိုက်ပြီး မျက်လုံးတွေကလည်း စိတ်လှုပ်ရှားမှုကြောင့် ပြောပြလို့တောင်မရနိုင်လောက်တဲ့ထိ တဖိတ်ဖိတ်တောက်နေတယ်။

“မင်းဘာလို့ စိတ်ပြောင်းသွားတာလဲ?” သူ့ရဲ့အသံအက်အက်ကြီးနဲ့မေးလိုက်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now