အပိုင်း -၂၂

19.8K 3.3K 63
                                    

{Zawgyi}

•သူ့ရဲ့ကျန်ရှိနေတဲ့ဒုတိယသက်တမ်းတစ်ဝက်မှာ ကာမဂုဏ်မှာပျော်ရွှင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံ•

ကျီလျောင်မျက်နှာက နီရဲနေပြီး သူ့ကိုယ်သူတည်ငြိမ်သွားအောင် နံရံကိုခက်ခက်ခဲခဲမှီထားရတယ်။ 24နာရီအတွင်းမှာ သူနှစ်ကြိမ်တောင်အနမ်းခံရပြီး တစ်ဖက်လူကလည်း ယောကျာ်းလေး။ ဒါပေမယ့် သူသက်သောင့်သက်သာမဖြစ်တာတွေ ဘာမှမရှိဘဲ၊ အတော်လေးတောင်... ကောင်းနေသေးတယ်။

သူ.. ကွေးများ ကွေးသွားပြီလား?

သူခေါင်းမော့ကာ ဟဲ့ချန်းမင်ကိုကြည့်လိုက်တယ်။ သူမရေမရာဖြစ်နေတဲ့အကြီးဆုံးအပိုင်းက တဖက်ကောင်လေးက သူ့ကိုတကယ်ကြိုက်လားဆိုတာ မသေချာလို့ဖြစ်တယ်။ လှည့်စားနေတာဆို ဘယ်လိုလုပ်မလဲ?

ဘာပဲဖြစ်နေနေ သူ့ရဲ့ဂုဏ်သတင်းကဆိုးရွားတာကြောင့် သူ့ကိုသံသယဖြစ်စရာ အကြောင်းအရင်းတွေအများကြီးရှိတယ်။

"မင်းဘာတွေတွေးနေတာလဲ?" ဟဲ့ချန်းမင်ကနမ်းပြီးသွားတော့ အရမ်းကိုကျေနပ်နေပြီး သူ့ရဲ့စိတ်အခြေအနေကအရမ်းကောင်းလွန်းလို့ ပျံတောင်တက်သွားနိုင်လောက်တယ်။

ဒါပေမယ့် ကျီလျောင့်အသံကတော့ အုံ့မှိုင်းနေတယ် "ဘာမှမဟုတ်ပါဘူး"

သူ့ရဲ့ရလဒ်ကိုစိတ်ပူနေသေးတာကြောင့်ဖြစ်မယ်လို့ တွေးမိတော့ ဟဲ့ချန်းမင်သူ့ရဲ့ခေါင်းလေးကိုပွတ်ပေးရင်း ပြောလိုက်တယ် "ကိုယ်မင်းကို သချာင်္ပြပေးမယ်လေ၊ မင်းနားမလည်တာဘာပဲဖြစ်ဖြစ် ကိုယ့်ကိုမေးလို့ရတယ် ဟုတ်ပြီလား?"

သူဆိုသည်မှာ သင်ပြပေးရတာတွေကို အလုပ်ရှုပ်တယ်လို့အမြဲထင်ပြီး သူ့အချိန်တွေကို လာဖြုန်းနေတယ်လို့ ခံစားရတယ်။ ဒါပေမယ့်တကယ်လို့ ကျီလျောင်သာဆိုရင်တော့ မတူတော့ဘူး။ သူ့အပေါ်မှာကုန်ဆုံးလိုက်ရတဲ့အချိန်တွေမှန်သမျှက ရင်းနှီးမြှုပ်နှံမှုတွေပဲ။ အင်းလေ သူ့ရဲ့ကျန်ရှိနေတဲ့ဒုတိယသက်တမ်းတစ်ဝက်မှာ ကာမဂုဏ်မှာပျော်ရွှင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံရမှာပေါ့။

"ဟမ်?" ဒီလိုမျိုးရုတ်တရက်ကြီး စကားလမ်းကြောင်းပြောင်းသွားမယ်လို့ ကျီလျောင်မထင်ခဲ့ဘူး။ သူပြန်တုန့်ပြန်ဖို့အချိန်ယူလိုက်ရပြီး ရူးကြောင်ကြောင်နိုင်စွာမေးလိုက်တယ် "ငါသချာင်္ကောင်းကောင်းမလုပ်နိုင်တာကို မင်းကိုဘယ်လိုလုပ်သိသွားတာလဲ?"

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now