အပိုင်း - ၆၇

8.4K 1.7K 50
                                    


{Zawgyi}

•ဒါကသဘောကျတာလား ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေချင်တဲ့စိတ်ကြောင့်လား?•

ကျီလျောင်ဖတ်စာအုပ်တွေ သိမ်းပြီးတဲ့နောက် သူ့ရဲ့အတန်းရှေ့မှာ လူငယ်လေးက လာရပ်စောင့်နေတာကို တွေ့လိုက်ရတယ်။ လွယ်အိတ်ဆွဲပြီး ပုခုံးပေါ်တင်ကာ ပြေးထွက်လာခဲ့တယ်။ ဟဲ့ချန်းမင်က လက်ရမ်းကိုမှီထားတုန်း ကျီလျောင်ထွက်လာတာလည်းမြင်ရော သူတောင်သတိမထားမိလိုက်ဘဲ နှုတ်ခမ်းထောင့်က ကွေးတက်သွားတယ်။

သူတို့တွဲလာတာ အချိန်တစ်ခုရှိနေပြီဆိုပေမယ့် သူ့ရဲ့စိတ်တက်ကြွမှုက ဘယ်လိုမှမပြောင်းလဲသွားဘူး။

လှေကားပေါ်က ဆင်းနေတုန်း ကျီလျောင်သူ့ကိုလှမ်းမေးလာတယ် "မင်းငါ့ကြောင့် အိမ်ပေါ်က ဆင်းလာရတာလား?" တဖက်ကောင်လေးမှာ ဘယ်လိုအခြေအနေကြုံနေရတာလဲဆိုတာကို သူတကယ်မသိတာကြောင့် တစ်နေ့ခင်းလုံး အထိန်းအကွပ်မဲ့အတွေးတွေဝင်နေပြီး ပိုပြီးတွေးလေလေ ပိုပြီးကြောက်လာလေလေဖြစ်နေတော့တယ်။

ဟဲ့ချန်းမင် ဘောင်းဘီအိတ်ထဲကို လက်နှစ်ဖက်လုံးထိုးထည့်ပြီး အမူအယာသိပ်မပြောင်းမလဲဘဲ ပြန်ဖြေလာတယ် "အဲတာကြောင့်ချည်းပဲတော့မဟုတ်ပါဘူး"

သူပြောနေတာရပ်ပြီး လှေကားကိုကွေ့ပြီးထွက်လိုက်တယ်။ အခုချိန်မှာ မိုးကုတ်စက်ဝိုင်းကနေရောင်က သူတို့ကိုယ်ပေါ်ကို နွေးထွေးစွာဖြာကျနေတယ်။ နောက်စကားထပ်မဆက်လာတော့ ကျီလျောင်ခေါင်းလှည့်ပြီး အနောက်လှမ်းလှမ်းမှာရှိနေတဲ့ ဟဲ့ချန်းမင်ကိုကြည့်လိုက်တော့ ဖိကပ်ထားတဲ့နှုတ်ခမ်းတွေက အနည်းငယ်ပွင့်ဟလာတယ်။

"ကိုယ့်မိဘတွေက အရမ်းကိုနှိုင်းချိန်တတ်ပြီး ဩဇာတစ်ခုပဲလိုချင်တာ... သားတစ်ယောက်မဟုတ်ဘူး"

သူတို့တွေက သူ့ကို ရုပ်ဝတ္ထုတွေနဲ့ ကျေနပ်အောင်ပဲထားပေးပြီး ခံစားချက်တွေ စိတ်ရင်းတွေမပါဘူး၊ ဒီတိုင်း စံချိန်မီတဲ့ဆက်ခံသူတစ်ယောက်လိုပဲ ပျိုးထောင်ပေးခဲ့တယ်။

ဟဲ့ချန်းမင် သူကုန်ဆုံးခဲ့ရတဲ့ ဆယ့်ခုနစ်နှစ်တာကာလာကို သေချာလေးတွေးကြည့်ခဲ့တယ်။ သူ ကျီလျောင်နဲ့မတွေ့ခင် ပြဿနာဆိုတာကို ဘယ်တုန်းကမှ သတိမထားမိဘဲ ကျောင်မေးလန်ရဲ့ဂရုတစိုက်ချမှတ်ထားတဲ့ အစီအစဉ်တွေအတိုင်းပု နေလာခဲ့ရတယ်။ သူ့နှလုံးသားထဲမှာ နေ့တိုင်းက အဓိပ္ပါယ်အပြည့်နဲ့ဖြစ်သင့်တယ်လို့ သတိပြုမိခဲ့တဲ့အချိန်ထိပဲ။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now