အပိုင်း - ၆၀

9.7K 1.7K 11
                                    


{Zawgyi}

•ဒါကို ကျီစားတာလို့ခေါ်တယ် ဘေဘီ•

ဟဲ့ချန်းမင် သူ့ပါးစပ်သူ ရိုက်ပစ်လိုက်တယ်။ ကုမင်းယန်က ချစ်တတ်လွန်းတဲ့သူတစ်ယောက်ဆိုတာကို သူသတိမထားခဲ့မိဘူး _ လင်ကျန်းအပေါ် အလျော့ပေးထားတာတွေက သူ့ကို အမြင်ကျယ်သွားစေတယ်။

ဘက်မလိုက်ပဲပြောရမယ်ဆိုရင် ဒီနေ့အကယ်၍များ ကျီလျောင်က သူမဟုတ်ဘဲ တခြားတစ်ယောက်ကို ဒိတ်လုပ်ချင်တယ်လို့ပြောလာခဲ့ရင် သူလိုက်မနှောင့်ယှက်ခဲ့ရင်တောင် အတော်ကြီးသည်းခံနိုင်နေပြီလို့ပြောရမယ်။ ဒါပေမယ့် သူ(ကုမင်းယန်)ကရော သူ့(ဟဲ့ချန်းမင်)ကိုအကူအညီတောင်းခဲ့ရင်ရော? မဖြစ်နိုင်ဘူး။

သူဒီလိုကိစ္စတွေကို ဝင်စွက်ဖက်ပေးလို့မရဘူး။ သူကုမင်းယန်ရဲ့ပုခုံးကို မတတ်သာစွာပုတ်ပေးပြီး ဖယောင်းတိုင်မီးရောင်အောက်က ညစာစားပွဲဆီကို ကျီလျောင့်ကိုခေါ်လာခဲ့တယ်။

သူတို့တွဲလာခဲ့ကြတာ နှစ်ဝက်နီးပါးလောက်ရှိပြီဖြစ်ပေမယ့် အခုမှပထမဆုံးအကြိမ် တခမ်းတနားညစာစားတဲ့ဒိတ်လေး လုပ်ဖြစ်တာဖြစ်တယ်။

သင်္ဘောပေါ်မှာ အစားအသောက်မျိုးစုံရတယ်။ ကျီလျောင်က ပင်လယ်စာကြိုက်ပြီး ချိုချိုချဉ်ချဉ်လေးတွေစားချင်တာဆိုတော့ ဟဲ့ချန်းမင်သူ့ကို စပိန်စားသောက်ဆိုင်ကို ခေါ်လာလိုက်တယ်။ နာမည်ကြီးဟင်းပွဲတွေအပြင် ဝိုင်ချိုချိုလေးတစ်ပုလင်းပါ မှာလိုက်တယ်။

စားပွဲထိုးက ဝိုင်ခွက်နှစ်ခွက်ချပြီး ဝိုင်ပုလင်းကိုဖောက်ကာ မွှေးပျံ့နေတဲ့ဖက်ဖူးရောင်အရည်တွေကို ဖန်ခွက်ထဲ စနစ်တကျထည့်ပေးလိုက်တယ်။

ကျီလျောင်မျက်လုံးတွေ အရောင်တောက်သွားတယ်။ စားပွဲထိုးထွက်သွားတာနဲ့ သူတစ်ငုံသောက်ကြည့်လိုက်တယ်။ အစပိုင်းနည်းနည်းလေးပြင်းပေမယ့် နောက်တော့ချိုမြမြလေးဖြစ်လာတယ်။ တော်တော်လေးကောင်းတာကြောင့် မျက်ခုံးတောင်ပင့်သွားတယ်။

မျက်နှာချင်းဆိုင်ထိုင်ကာ ဟဲ့ချန်းမင်က မေးထောက်ပြီး ကောင်လေးရဲ့ကျေနပ်သွားတဲ့မျက်နှာလေးကို စိုက်ကြည့်နေတယ်။ သူပျော်နေမိတယ် ဒီဘဝမှာတခြားဘာမှထပ်မလိုတော့ဘူးလို့တောင် ခံစားရတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now