အပိုင်း - ၂၃

19.6K 3.3K 65
                                    

{Zawgyi}

•ကံမကောင်းချင်တော့ အကယ်၍ဆိုတာမရှိဘူး•

သူမကိုကျော်သွားတဲ့ ဟဲ့ချန်းမင်ကိုကြောင်တောင်တောင်ကြည့်နေတယ်။ သူမဘာသာစောစောပြန်မလာမိလိုက်တာကို မုန်းမိတယ်!

အကယ်၍သူမသာစောစောပြန်လာခဲ့မိရင် သူတို့နှစ်ယောက်ကြင်နာယုယနေတာကို ဖမ်းမိမှာ! [T/N : ကြင်နာယုယတယ်ဆိုတာ နမ်းတာတွေ၊ ဖက်တာတွေနဲ့ တစ်ယောက်ယောက်ကို လေထဲပင့်ပြီးမြှောက်ချီတာတွေလည်း နည်းနည်းပါတာပေါ့နော်]

အာ… သူမခွေးစာစားချင်နေတာ!

စိတ်တိုစွာနဲ့ သူမထိုင်ခုံကိုပြန်သွားလိုက်တယ်။ ရှုရှောင်ကျင်းသူမလည်ပင်းကိုဆန့်ပြီး ကျီလျောင်ကိုစစ်ကြည့်လိုက်တယ်။ သူကသူ့အိမ်စာကိုအလေးအနက်လုပ်နေတာမြင်တော့ သူ့ကိုနှောင့်ယှက်ဖို့ဆင်ခြေမရှိတာကြောင့် ခေါင်းပြန်ချထားရတယ်။

လူတွေတစ်ယောက်ပြီးတစ်ယောက် အခန်းထဲပြန်လာပြီးနောက် မကြာခင်မှာအတန်းစတော့တယ်။

နေ့ခင်းမှာ များပြားလှတဲ့သင်ခန်းစာတွေနဲ့ ကုန်ဆုံးသွားတယ်။ ညနေခင်းခေါင်းလောင်းတီးတော့မှပဲ တိတ်ဆိတ်ပြီး အလေးအနက်ထားလုပ်နေကြတဲ့ စာသင်ခန်းကြီးက ပြေလျော့သွားတော့တယ်။

ယုကျင်းက ကျီလျောင့်ကို ကျောင်းဆင်းရင် ဘတ်စကတ်ဘောကစားမလားဆိုပြီး စာပို့တော့ ကျီလျောင်လက်ခံကြောင်း စာပြန်လိုက်တယ်။ အတန်းလွှတ်တာနဲ့ ယုကျင်းကဘတ်စကတ်ဘောကွင်းမှာ နေရာရအောင် အသည်းအသန်ပြေးသွားတယ်။

ရှုရှောင်ကျင်းသူမပစ္စည်းတွေ သိမ်းပြီးနောက် ကျီလျောင်သွားပြီလားဆိုတာ ကြည့်လိုက်တယ်။ စားပွဲအံဆွဲကို စစ်ကြည့်လိုက်တော့ သူ့ရဲ့ကျောင်းလွယ်အိတ်က အခုထိရှိနေသေးတယ်။

သူမမှတ်စုလေးရေးပြီး စာအုပ်ကြားညှပ်လိုက်ကာ ကျီလျောင့်စားပွဲအံဆွဲထဲ စာအုပ်ထည့်လိုက်တယ်။

ဟီးဟီး ဒါကသူမကြိုက်တဲ့ဝတ္တုစာအုပ်ပဲ။ အထူးသဖြင့် ဇာတ်လိုက်မင်းသားက ဟဲ့ချန်းမင်နဲ့ဆင်တာကြောင့် သူ့ကိုကူပေးသင့်တယ်လို့ ရှုရှောင်ကျင်းရိုးရိုးလေးတွေးလိုက်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now