အပိုင်း - ၄၅

12K 2.1K 11
                                    

{Zawgyi}

•တစ်ခုခုပြောလိုက်ပါ ကျီလျောင်.. ကိုယ့်ကို မခြောက်ပါနဲ့•

သူတို့နှစ်ယောက်ပြန်ထွက်လာချိန်မှာ ဘာလုပ်လာကြလဲဆိုတာ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အားကုသိတယ်။ မရှင်းမရှင်းအဓိပ္ပါယ်နဲ့ နှုတ်ခမ်းတွေ မြင့်တက်သွားတယ်။

မကြာခင် နှစ်သစ်ကိုရောက်တော့မယ်။ ဒီနေ့က ဒီနှစ်အတွက် အလုပ်လုပ်ရတဲ့ နောက်ဆုံးနေ့ဖြစ်တယ်။ ကျီလျောင် သူ့ရဲ့စုဆောင်းမိထားတဲ့ ငွေတွေကို တွက်ချက်ပြီးချိန်မှာ ဟဲ့ချန်းမင်အတွက် နှစ်သစ်ကူးလက်ဆောင်ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

မွန်းလွဲပိုင်းနားချိန်လောက်မှာ လက်ဆောင်ဘာပေးရမလဲဆိုပြီး လျှောက်ကြည့်ဖို့ ထွက်လာခဲ့တယ်။

ဟဲ့ချန်းမင်ကတော့ ကျောင်မေးလန်ဆီက ဖုန်းကိုလက်ခံပြီးနောက် အဝတ်လဲခန်းထဲဝင်ကာ ပြန်ဖို့အတွက်ပြင်ဆင်နေတယ်။

တံခါးဖွင့်ပြီးနောက် အားကု ဝင်လာတယ်။

သူ့ရှေ့က ကြည့်ကောင်းပြီး ကြွရွနေတဲ့နုပျိုမှုလေးကို မြင်ရတော့ နီတက်လာတယ်။

တစ်စုံတစ်ယောက်ကို သူမျက်စိကျပြီဆိုရင် သူမရနိုင်ဘူးဆိုတာ ဘယ်တုန်းကမှမရှိဘူး။

ဟဲ့ချန်းမင်ဘေးနားကို လျှောက်သွားပြီး အားကုက ညုတုတုအပြုံးနဲ့ အကြောက်အလန့်ကင်းစွာ စမ်းသပ်လိုက်တယ် “ကောင်ချောလေး တစ်ချက်လောက်ကိုက်ချင်လား?” သူ့လေသံက ပေါ့ပျက်ပျက်နဲ့ ရမ္မက်ကြွနေပုံပေါ်တယ်။

ဒီလိုရင်းနှီးနေတဲ့အသံကြောင့် ပြီးခဲ့တဲ့ညက ရခဲ့တဲ့စာအကြောင်း ဟဲ့ချန်းမင်ရုတ်တရက်သတိရသွားပြီး ရှင်းရှင်းလင်းလင်းသိသွားတယ်။

အဲ့တော့ ဒီအရူးကောင်ဖြစ်နေတာကိုး…

သူခေါင်းလှည့်ကြည့်ဖို့တောင် အာရုံထားမနေဘူး။ “ထွက်သွားစမ်း ဝေးနိုင်သမျှ ဝေးဝေးကို”

တစ်ဖက်ကောင်လေးက သူ့ကိုအခွင်းအရေးလေးတစ်ခုတောင် မပေးလာနိုင်ဘူးလို့ မထင်ခဲ့တာကြောင့် အားကုတောင့်တင်းသွားပေမယ့် သူလည်းလက်မလျော့ပေးနိုင်ဘူး။ သူ့ရဲ့ဆွဲဆောင်မှုတွေက မလုံလောက်သေးလို့ ဟဲ့ချန်းမင်က မလှုပ်တာဖြစ်နိုင်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Unde poveștirile trăiesc. Descoperă acum