part 2

11.2K 1K 26
                                    

Unicode

Jimin တယောက် အိမ်အပြန်လမ်းမှာ ထီးအဝါလေးတချောင်း ကိုင်ပီး ဟိုရမ်း ဒီရမ်းနှင့် တွေ့သမျှ ကလေးတွေကို လိုက်စနေတော့သည်။ ငယ်ထဲက ကလေးအရမ်းချစ်တတ်သူမို့ ကလေးမြင်ရင်မနေနိုင်။ တခါတလေ ကလေးတွေကြားထဲမှာ နင်လားငါလား ပျောက်နေတတ်သေးသည်။

သူ့တွက် အိမ်ဆိုတာ နွေးထွေးမှုမရှိတဲ့ ခနတာခိုလှုံရာနေရာပင် ။ အပြင်မှာနေရတာက ပိုပီး သက်တောင့်သက်သာရှိသေးသည် ။ အိမ်ပြန်ချိန်တိုင်း မျက်နှာလေးညိုးသွားတတ်တာတော့ ပုံမှန်ဖြစ်နေသည် ။

Jimin ရဲ့အိမ်ပြန်လမ်းတလျောက် ခြေလှမ်းလေးတွေက စိတ်လျက် ။ သူ့ရဲ့ ခြေထောက်တိုတိုလေးတွေနဲ့ ခြေလှမ်းတလှမ်းချင်းကိုရေတွက်လျက် လျှောက်လာတတ်သည် ။

Jimin က နေ့တိုင်းပိုက်ဆံများများရှာနိုင်မယ့်နည်းကို အမြဲစဥ်းစားတယ် ။ အကြောင်းက သူအိမ်မပြန်ချင်တာကြောင့်ပင် ။ သူများတွေလို အဆောင်မှာနေရင်း လွတ်လွတ်လပ်လပ်နေချင်တာ အဆာင်ခတွက် အပိုငွေမရှိတာကြောင့် သူဒီလိုစိတ်ပင်ပန်းနေရခြင်းပင် ။

အတွေးတွေနစ်ရင်း အိမ်ရှေ့ပေါက်ရောက်မှ
Jimin  သတိပြန်ဝင်တော့သည် ။

" ဟမ် ဒီချိန်ကြီး ဘယ်က ဧည့်သည်ရောက်နေတာလဲ ဟ

ဖိနပ်ကလေးကုန်းချွတ်လျက် သူ ပြန်ရောက်ပီဆိုတဲ့အကြောင်း အသိ​ပေးလိုက်သည် ။

"ပြန်ရောက်ပါပီ

"အိုး... ငါတို့ chim လေးပြန်ရောက်ပီလား လာပါအုန်း ဒေါ်လေးဆီ ဒီမှာသားကို လာတွေ့တဲ့ ဧည့်သည်တွေရောက်​နေတယ်

ပါးစပ်ကိုနားရွက်တက်ချိတ်မတတ်ပြုံးကာ ပြောနေတဲ့ အဒေါ်ဖြစ်သူကြောင့် Jimin ကြောင်အလျက် ။ အိမ်ဝင်ပေါက်မှာ အတောင့်လိုက် ။

" လာလေ သားရဲ့ ဘာကြောင်ကြည့်နေတာလဲ

လက်ယက်ခေါ်နေတဲ့ အဒေါ်က အပြုံးမပျက် ။

Jimin အတွေးထဲမှာတော့ ...

အပြုံးကြီးကလဲ ကြောက်စရာကောင်းလိုက်တာ

ဟမ်

နေပါအုန်း ဒီလူဆယ်ယောက်ကျော်​လောက်က ငါ့အိမ်မှာ ဘာလုပ်နေကြတာလဲ?

𝒩ℴ ℛℯ𝒶𝓈ℴ𝓃  ☪ || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now