part 18

6.4K 684 137
                                    

Unicode

ICU ရှေ့တွင် အရုပ်ကြိုးပျက်လိုထိုင်နေတဲ့ Jungkook ကို Jimin ဘယ်လို နှစ်သိမ့်ရမှန်းမသိဖြစ်နေသည်။ မနေ့တနေ့ကမှ အကောင်းကြီးရှိနေတဲ့ သူကလဲ ခု အရေးပေါ်ခန်းထဲမှာရှိနေတယ်တဲ့ ။ Jimin သူတောင် မယုံနိုင်တာ Jungkook ကလွယ်လွယ် လက်ခံပေးလေ့မယ်လို့ ထင်လို့လား ။

နာရီအတော်ကြာတဲ့ထိ ဘယ်သူမှ ထွက်မလာသေးပေ။ စက္ကန့်နှင့် အမျှ Jungkook မွန်းကြပ်လို့ သေတော့မယ် ။ Taehyung က ပျော့ညံ့တဲ့သူမဟုတ်ဘူးလို့ သူယုံကြည်နေတာကြောင့်သာ သူခုလို စောင့်နေခြင်းဖြစ်သည်။

Jimin message ရပြီး ​ Hoseok Yoongi နဲ့ Jin တို့သုံးယောက်လဲ အပြေး ရောက်လာကြသည်။ အခြေအနေက ခုထိမသိသေးတာကြောင့် Hoseok အကြည့်ကို Jimin ခေါင်းခါပြလိုက်သည်။

Jungkook ကြည့်ရတာ အ​ခြေအနေမဟန်တဲ့ပုံကြောင့် Hoseok က Jungkook ပခုံးလေးကို ကိုင်ပီး

HS " အားလုံးအဆင်ပြေမှာပါ အဆင်ပြေသွားမှာမို့ စိတ်ငြိမ်ငြိမ်ထား

Hoseok စကားကို ခေါင်းလေးသာ ညိမ့်ပြီး Jungkook ပြန်ဖြေလိုက်သည်။ Jin တို့လဲစိတ်မကောင်း Taehyung ကို သူတို့ခင်သည် အချိန်ခနလေးတွင်းမှာပဲ သူငယ်ချင်းဖြစ်သွားကြလို့ တခြားသူတွေထက် ပိုပြီးထူးခြားခဲ့တယ်မဟုတ်လား။

အားလုံးထဲမှာ အဆိုးဆုံးကညHoseok သာ ။ သူ အပြင်ပန်းမှာ တခြားသူတွေကို ဂရုစိုက် အားပေးနေပေမယ့် Taehyung ခုလိုဖြစ်တာ သူ့ကြောင့်ဆိုတာ သူသိသည်။ သူသာ မခေါ်ခဲ့ရင် Taehyung လဲ အပြင်ထွက်လာမှာမဟုတ်ခဲ့။ သူသာ မလာခဲ့ရင် ဒီမတော်တဆကလဲ ဖြစ်လာမှာမဟုတ်ဘူး။

အခန်းတံခါးလေးကိုသာ Hoseok ငဲ့ကြည့်လျက် စိတ်ထဲမှာလဲ Taehyung ကို တောင်းပန်နေမိသည်။

Jin က Jimin ကို လက်လေးတို့လိုက်ပြီး သူနဲ့ ခနလောက်စကားပြောဖို့ အရိပ်ပြလိုက်သည်။ Jimin လဲ Jungkook ကို Hoseok တို့နဲ့ ထားခဲ့ပြီး Jin နဲ့အတူ အပြင်သို့ထွက်လာလိုက်သည်။

Jin သက်ပြင်းတချက်ချလိုက်သည်။ Jimin က သူဘာပြောမလဲ သိချင်နေတာကြောင့် သူ့ကိုစိုက်ကြည့်နေခဲ့တာပေါ့။

Jin " ကားသမားက ခုရဲစခန်းမှာ စစ်ဆေးခံနေတယ် စိတ်မပူနဲ့ Namjoon ရှိနေပါတယ် သူမကြာခင်ရောက်လာလေ့မယ် ဒါမယ့် Jimin..........

𝒩ℴ ℛℯ𝒶𝓈ℴ𝓃  ☪ || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now