𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(2.2)

825 136 1
                                    

"ဟင်​ ဆရာကင်​မ်​ပါလား"

ဒီတစ်​ခါ​တော့​ဆော့ဂျင်​ဆီမှအသံ။
ဆော့ဂျင်​​ပြောပြီး​တော့မှ သူမဟုတ်​သလို ပါးစပ်​​လေးကိုပြန်​ပိတ်​ထားသည်​။

အဲ့ဒါကို အရှင်​ယွန်းဂီက ပြုံးပြီးကြည့်​သည်​။
ထယ်​​ယောင်းက အရှင့်​​နောက်​က​နေ မျက်​လုံးပြူးပြလိုက်​​တော့မှ ​ဆော့ဂျင်​လည်း အရှင့်​ကိုခါးကျိုးမတတ်​​တောင်းပန်​​တော့သည်​။

"စိုးရွံ့မိပါတယ်​ အရှင်​ သက်​ညှာ​ပေး​တော်​မူပါ အရှင်​"

ဆော့ဂျင်​​ပြော​နေတဲ့ စကား​တွေ​ကြောင့်​ နမ်​ဂျွန်း​ရော အရှင်​ယွန်းဂီ​ရော အံ့သြကြသည်​။
ဟိုတစ်​​နေ့က ကင်​မ်​​ဆော့ဂျင်​မှ ဟုတ်​ပါ​လေစ။

ရုတ်​တရက်​အပြုံးပျက်​ပြီး အံ့သြ​နေတဲ့ အရှင်​ယွန်းဂီ​ကြောင့်
ဆော့ဂျင်​ နမ်​ဂျွန်းကို ဖက်​ပြီးငို​တော့သည်​။

"ဂျွန်း​ရေ ငါ့ကို အရှင်​ဆိုတဲ့လူကြီးက သတ်​​တော့မှာလား ငါ့ကိုကြည့်​​နေတယ်​ ဗြဲ"

ရှိုက်​ရှိုက်​ပြီးငို​နေတဲ့ ​ဆော့ဂျင်​ကိုဘယ်​သူမှမထိန်းနိုင်​​တော့ ။
အရှင်​ယွန်းဂီကလည်း ရယ်​ချင်​စိတ်​ကို မထိန်းနိုင်​တာမို့ တဟားဟားနှင့်​ထရယ်​​တော့သည်​။

ထယ်​​ယောင်းက​တော့ အရှင့်​ကို​ငေး​နေရုံမှတစ်​ပါး ဘာမှမတတ်​နိုင်​။ ဒါသူ့အဆင့်​ပဲ​လေ.....။

"စစ်​သူကြီးကင်​မ်​ မင်းဒီ​ကောင်​​လေးနဲ့ ဘယ်​​တော့ လက်​ထပ်​မှာလည်း"

"ကျွန်​​တော်​ ဂို​လျောကိုသွားပြီးပြန်​လာတဲ့ အခါ​လောက်​မှပါ"

နမ်​ဂျွန်းစကား​ကြောင့်​ ရင်​ခွင်​ထဲက ​ကောင်​​လေးက ကြား​တော့ တအိအိနဲ့ပိုတိုးလို့ငိုလာ​ပေမယ့်​.....။
အရှင်​ယွန်းဂီက​တော့ ​အေးစက်​စက်​ပြုံးလျက်​..။

ထိုအပြုံးကိုမြင်​​တော့ နမ်​ဂျွန်း​​တွေ​ဝေသွားမိသည်​...။
နမ်​ဂျွန်းနှင့်​အတူ ထယ်​​ယောင်းဟာလည်း မျက်​နှာမ​ကောင်း။
အရှင်​ တစ်​ခုခုကြံစည်​​တော့မှာလား။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now