𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(19)

688 105 3
                                    

ဆော့ဂျင်​ နန်း​ဆောင်​ထဲဝင်​​ရောက်​လာ​တော့ အရှင်​မင်​ယွန်းဂီနှင့်​အတူ ထယ်​​ယောင်းကိုပါ ​တွေ့လိုက်​ရသည်​။
ထယ်​​ယောင်းသည်​ အရှင့်​​ဘေးတွင်​ ​ခေါင်းငုံ့ထိုင်​​နေပြီး အရှင်​ယွန်းဂီက​တော့ မဲ့ပြုံးတစ်​ခုကို ဖန်းဆင်း၍ သူ့အားစိုက်​ကြည့်​​နေသည်​။
ဆော့ဂျင်​လည်း အရှင်​ယွန်းဂီကို ​ပေ​စောင်း​စောင်းကြည့်​ပြီး အ​စေခံတို့ ထိုင်​ခိုင်းသည့်​​နေရာတွင်​ ဝင်​ထိုင်​သည်​။

ထို့​နောက်​ ထယ်​​ယောင်းနှင့်​ ​ဆော့ဂျင်​တို့ အရှင့်​​ရှေ့တွင်​ ဒူး​ထောက်​ကြရပြီး ​ခေါင်းငုံ့ထားကြသည်​။
သူတို့၏​ရှေ့တွင်​ မယ်​မယ်တစ်​​ယောက်​ရှိသည်​။

"ကင်​မ်​ထယ်​​ယောင်း သျှီလာနိုင်​ငံ​တော်​အရှင်​သခင်​ရဲ့
ပဉ္စမ​မြောက်​ အချစ်​​တော်​ရာထူးကို အရှင်​ယွန်းဂီက ​ပေးအပ်​တယ်​ အရှင့်​အ​ပေါ် သစ္စာမ​ဖောက်​ပါဟု ကတိသစ္စာပြုပါ"

ထယ်​​ယောင်းသည်​ မယ်​မယ်​ ​ပေးအပ်​​သော စာသဝဏ်​ကို လက်​ခံရရှိပြီး​နော်​..။

"​ကျေးဇူး​တော်​ ကြီးမားလှပါသည်​ အ​ရှင်​ အရှင့်​အ​ပေါ် သစ္စာမ​ဖောက်​ပါဟု ကတိသစ္စာပြုပါတယ်​"

ပလ္လင်​ထက်​မှ ထိုင်​ကြည့်​​နေတဲ့ အရှင့်​ မျက်​နှာထက်​မှာ​တော့ နားလည်​ရခက်​​သော အပြုံးတစ်​ခု ပန်​ဆင်​လျက်​...။

"ကင်​မ်​​ဆော့ဂျင်​ သျှီလာနိုင်​ငံ​တော်​အရှင်​သခင်​ရဲ့ ကိုယ်​လုပ်​​တော်​ရာထူးကို အရှင်​ယွန်းဂီက ​ပေးအပ်​တယ်​ အရှင့်​ကို သစ္စာ​မ​ဖောက်​ပါဟု ကတိသစ္စာပြုပါ"

မယ်​မယ်​ရဲ့စကား​ကြောင့်​ ​ဆော့ဂျင်​ရဲ့ မျက်​ရည်​တို့​ခြောက်​​သွေ့ပြီးသား ပါးပြင်​ထက်​သို့ မျက်​ရည်​စီး​ကြောင်းတစ်​ခုက ထက်​မံစီးကျလျက်​...။
နှုတ်​ခမ်းဖူးဖူးတို့ကလည်း ​ဒေါသ​ကြောင့်​ တစ်​စက်​စက်​တုန်​ခါလျက်​...။

ဒီအချိန်​ သူတမ်းတမိတာ တစ်​​ယောက်​တည်း​သောသူ ဂျွန်း..။
ဒီအချိန်​မှာ ငါအသက်​​ပျောက်​ဆုံးသွားချင်​​နေပြီ ဂျွန်း...။
ချစ်​တယ်​ ဂျွန်း..။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now