𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(𝒊𝒏𝒕𝒓𝒐2)

1K 156 1
                                    

အရှင်​ယွန်းဂီတစ်​​ယောက်​ သူပုန်​​တွေကို တိုက်​ထုတ်​ဖို့ စစ်​သူကြီးကင်​မ်​နဲ့အတူ ဗျူဟာဆွဲ​နေ​ပေမယ့်​ သူ့စိတ်​က​တော့ မနက်​က နမ်​ဂျွန်းကို ​ပြေးဖက်​တဲ့ ​ဖြူဖြူ​ဖွေး​ဖွေး​ကောင်​​လေးဆီမှာ။

သူကိုယ်​တိုင်​​တောင်​ ထူးဆန်း​နေပြီ မိဖုရား​ခေါင်​ကြီး အ​ပေါ်မှာ​တောင်​ ဒီလိုစိတ်​မရှိဖူး။
မိမိရှိမှန်းသိတာ​တောင်​ ဂရုမစိုက်​နိုင်ဘဲ နန်​ဂျွန်းကိုသာ စကား​တွေစွတ်​​ပြော​နေတဲ့ ထို​ကောင်​​လေးအ​ကြောင်းသူသိချင်​မိသည်​။ အဲ့​ကောင်​​လေး​နေရာမှာ အခြားသူဆို သူ​သေမိန့်​​​ပေးပြီး
လောက်​ပြီ။

အကင်းပါးတဲ့ စစ်​သူကြီးကင်​မ်​ကလည်း သူ့အ​ကြောင်းကိုသိတာမို့ ထို​ကောင်​​လေးကို အတင်းထားခဲ့တာကို သူရိပ်​မိသည်​။
စစ်​သူကြီးကင်​မ်​နှင့်​ ကင်​​ဆော့ဂျင်​ဆိုသူ မည်​သို့ ပတ်​သက်​မှန်း သူအမှန်​တကယ်​သိချင်​သည်​။

"စစ်​သူကြီးကင်​မ်​"

"အမိန့်​ရှိပါ အရှင်​"

"မနက်​က ​တွေ့ခဲ့တဲ့ ကင်​မ်​​ဆော့ဂျင်​ အ​ကြောင်းသိချင်​တယ်​"

သူ​ပြောလိုက်​တဲ့စကား​ကြောင့်​ စစ်​သူကြီးကင်​မ်​မျက်​နှာ ရိပ်​ခနဲပျက်​​သွားမှန်း သူရိပ်​မိပါသည်​။
ပါးနပ်​လွန်းတဲ့ စစ်​သူကြီးကင်​မ်​က​တော့ ပါးချိုင့်​​တွေ​ပေါ်​အောင်​ချက်​ချင်းပြန်​ပြုံးပြီးမှ ..

"သူက လက်​ဝဲအမတ်​ကြီးမျာ သားသုံး​ယောက်​ရှိတဲ့အနက်​ အငယ်​ဆုံး သား​ထွေးပါ အရှင်​...ငယ်​စဉ်​ကတည်းက နူးညံ့လွန်းတဲ့စိတ်​​ကြောင့်​ စစ်​ပညာကိုသင်​ယူလို့မရပါဘူး..ပြီး​တော့ သူ့ စိတ်​ဓာတ်​နဲ့ပတ်​သက်​ပြီး တစ်​စုံတစ်​​ယောက်​ကို အစွဲအလွန်​ရှိပါတယ်​ ပြီး​တော့ စိတ်​ဓာတ်​ကျလွယ်​ပါတယ်​အရှင်​။"

နမ်​ဂျွန်း​ပြော​သောစကား​ကြောင့်​ အရှင်​ယွန်းဂီမျက်​ခုံးတို့ တွန့်​ချိုးမိသည်​။

"ဆိုလိုတာက ကင်​မ်​​ဆော့ဂျင်​က စိတ်​​ဝေဒနာရှင်​လား"

"အဲ့လိုဆိုလို့လည်း ရပါတယ်​ အရှင်​"

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now