𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(24)

687 103 3
                                    

ဆော့ဂျင်​ နာကျင်​မှု​ပေါင်းစုံနှင့်​နိုးထလာ​တော့..
ဘေး​တွင်​ သူ့အား ​စေ့​စေ့ထိုင်​ကြည့်​​နေတဲ့ အရှင်​ယွန်းဂီကို မြင်​​တွေ့မိ​တော့ မျက်​ခုံးထူထူတို့က တွန့်ချိုးမိသည်​..။

ပြီးမှ မျက်​လုံးကို အသာပြန်​စင်းပြီး ကုတင်​​ပေါ်မှ လက်​​ထောက်​ပြီး ထရင်​ကြိုးစား​တော့ ​အောက်​ပိုင်းမှ အတိုင်းအဆမဲ့ နာကျင်​မှု​ကြောင့်​ အင့်​ခနဲ့ ပြုတ်​ကျသည်​..။

"ဟက်​ မင်းဒီ​လောက်​​တောင်​ ခံနိုင်​ရည်​မရှိဘူးလား ကိုယ်​လုပ်​​တော်​"

အရှင့်​ယွန်းဂီသည်​ ခပ်​ဟဟရယ်​ကာ ​ဆော့ဂျင်​အား ဂျိုင်းနှစ်​ဖက်​မှ ဆွဲထူမပြီး ကုတင်​​ပေါ်သို့ ပြန်​တင်​​ပေးသည်​..။
ဆော့ဂျင်​မှာ​တော့ ရုန်းချင်​​ပေမယ့်​လည်း ကိုယ့်​ဘာသာကိုယ်​​တောင်​ မလှုပ်​နိုင်​သည့်​ အ​နေအထားဖြစ်​တာမို့ အသာ ငြိမ်​​နေရသည်​..။

အရှင်​ယွန်းဂီသည်​ ​ဆော့ဂျင်​ ​ရှေ့တည့်​တည့်​ဝင်​ထိုင်​ပြီး ​မေးဖျားကို အသာဆွဲယူပြီး မျက်​နှာကို ​မော့​စေသည်​..။

"ကိုယ့်​ကိုကြည့်​"

ဆော့ဂျင်​သည်​ အရှင်​ယွန်းဂီ​ပြောသည့်​အတိုင်း မျက်​လုံး
လှန်​ကြည့်​သည်​..။
စကားနား​ထောင်​​သော ​ဆော့ဂျင်​​ကြောင့်​ အရှင်​ယွန်းဂီ ခပ်​မဲ့မဲ့ရယ်​ပြီး ဆံသားနက်​နက်​တို့ကို သပ်​တင်​​ပေးသည်​..။

"စစ်​သူကြီးကင်​မ်​ ပြန်​​ရောက်​လာကြီ အခုအချိန်​ဆို မင်းကို လိုက်​ရှာ​နေ​တော့မှာပဲ ဒါမှမဟုတ်​ သိသွား​လောက်​​ရော​ပေါ့ "

အရှင်​ယွန်းဂီ​ပြောလိုက်​​သောစကား​ကြောင့်​ ​ဆော့ဂျင်​မှာ လက်​ဖျား​လေး​တွေ​အေးစက်​ပြီး နှုတ်​ခမ်းဖူးဖူးတို့က တုန်​ယင်​လာသည်​..။ အဖျား​သွေးရှိပြီးသား​ဆော့ဂျင်​သည်​ အဖျား​တောင်​တက်​လာသလို...။

ထို့​နောက်​အရှင်​ယွန်းဂီရဲ့ လက်​ဖဝါးကို ဆုပ်​ကိုင်​ပြီး ​မျှော်​လင့်​ချက်​မျက်​ဝန်းများဖြင့်​ကြည့်​ကာ.။

"​ကျေး ​ကျေးဇူးပြုပြီး ကျွန်​ ကျွန်​​တော့်​ကို ဂျွန်းနဲ့ ​ပေး ​တွေ့ ပါ"

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now