𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(20)

697 101 1
                                    

အရှင်​ယွန်းဂီနှင့်​ ထယ်​​ယောင်းတို့ နန်းတွင်းပန်းခြံကြီးထဲသို့ ​ရောက်​လာကြပြန်​သည်​..။
အရှင်​ယွန်းဂီသည်​ ထိုပန်းခြံကို လွန်​စွာ ကြိုက်​နှစ်​သက်​သည်​ဟု ထယ်​​ယောင်းထင်​မိသည်​..။
အရှင်​နှင့်​အတူ ပန်းခြံသို့ လာ​ရောက်​သည်​မှာ နှစ်​ကြိမ်​​မြောက်​​နေပြီ​လေ..။

ထယ်​​ယောင်း နန်း​ဆောင်​အတွင်း အချစ်​​တော်​တင်​​မြှောက်​စဉ်​က တစ်​​ယောက်​တည်း ကွဲထွက်​​နေသလို ခံစားမိသည်​။
စိတ်​ထင်​ထားသည့်​အတိုင်း အရှင်​သည်​ ​ဆော့ဂျင်​ကို ​တော်​​ကောက်​​တော်​မူသည်​...။
ဒါ​ပေမယ့်​ ဘာအ​ကြောင်း​ကြောင့်​ ကိုယ်​လုပ်​​တော်​ တင်​​မြှောက်​တယ်​ဆိုတာကို ထယ်​​ယောင်းမခန့်​မှန့်​နိုင်​..။
သူသိထားသ​လောက်​​တော့ အရှင်​က ​ဆော့ဂျင်​အ​ပေါ် ​မေတ္တာသက်​ဝင်​​နေသည်​​လေ..။

အရှင်​က ပန်းခြံရဲ့ အလယ်​​လောက်​အထိ​​ရောက်​လာ​တော့ ​နောက်​က ကပ်​ပါလာသည့်​ အ​စေခံတို့ကို အမိန့်​​ပေးသည်​..။

"ဗြပ်​​စောင်းတစ်​ခု ယူလာခဲ့"

"အမိန့်​​တော်​ အတိုင်းပါ အရှင်​"

အ​စေခံတို့သည်​ အရှင့်​အား အရိုအ​သေ​ပေးပြီး​နောက်​ ဗြပ်​​စောင်းတစ်​လက်​သွားယူကြ​လေသည်​..။

အရှင်​သည်​ အနားရှိခင်းထားသည့်​ ပန်းခင်းကြီး​ပေါ်သို့ အကြည့်​​ရောက်​​တော့ နှုတ်​ခမ်းမှ ခပ်​​ရေး​ရေးပြုံးသည်​..။
ထယ်​​ယောင်းသည်​ အရှင့်​အတိုင်း လိုက်​၍ ပြုံးမိသည်​..။

အရှင်​သည်​ ထို ပန်းခင်းဆီသွားပြီး ပန်းတစ်​ပွင့်​ကို ​ကောက်​ယူသည်​..။
ထို့​နောက်​ ထယ်​​ယောင်းဆီပြန်​လာပြီး ထယ်​​ယောင်းကို ထိုပန်းဖြင့်​ ဆင်​မြန်း​ပေးသည်​..။

ထယ်​​ယောင်းလည်း ရုပ်​တရက်​​ကြောင်​သွားပြီး ​ခေါင်းငုံ့ထားမိသည်​..။
အရှင်​သည်​ ခပ်​ဟဟရယ်​ပြီး ခုံတစ်​ခုတွင်ဝင်​ထိုင်​သည်​..။

"အရှင်​ ဗြပ်​​စောင်းရပါပြီ"

"ကင်မ်​ထယ်​​ယောင်း ငါ့ကို ဗြပ်​​စောင်းတီးပြီး​ဖျော်​​ဖြေ​စေ "

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now