𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(3)

803 114 2
                                    

ထယ်​​ယောင်းလည်း အရှင့်​​နောက်​ကိုလိုက်​လာခဲ့ရင်းက​နေပဲ အရှင့်​အ​ဆောင်​အ​ရှေ့ကို​ရောက်​လာသည်​။
အရှင်​က​တော့ အခြံအရံအချို့နှင့်​တကွ အ​ဆောင်​ထဲသို့ဝင်​သွားသည်​။

ထယ်​​ယောင်းက​​တော့ အရှင့်​အ​ဆောင်​မို့ဝင်​လာရမလို ပြန်​သွားရမလိုဖြစ်​​နေချိန်​..။

"ကင်​မ်​ထယ်​​ယောင်း မင်းကအဲ့မှာဘာလုပ်​​နေတာလည်း"

"ဗျာ "

ထယ်​​ယောင်းလည်း အလိုက်​သိစွာ အရှင့်​နန်း​ဆောင်​အတွင်းဝင်​လာခဲ့သည်​။
အရှင်​က အိပ်​ယာ​ပေါ်မှာ ထိုင်​​တော့ ထယ်​​ယောင်းက
အရှင့်​​ခြေရင်းနား ကပ်​ထိုင်​လိုက်​သည်​။

"မင်းငါ့ကို ​စောင်းတီးပြ ကင်​မ်​ထယ်​​ယောင်း"

"မှန်​လှပါ အရှင်​"

ထယ်​​ယောင်းလည်း စားပွဲ​ပေါ်က ​စောင်းကိုယူပြီး အရှင့်​​ခြေရင်းတွင်​ပြန်​ထိုင်​ကာ သာယာလှ​သော ​စောင်းကို တီးခတ်​၍...။

ထယ်​​ယောင်းသူ့စိတ်​သူနားမလည်​နိုင်​။
မ​နေ့ကမှမြင်​ဖူးပြီးဆက်ဆံတဲ့ အရှင်​ယွန်းဂီကို သူချစ်​ကြိုက်​​နေမိတာကို​ပေါ့။
သူမသိလိုက်​ခင်​မှ​ပဲ ထယ်​​ယောင်းဟာ သူ့ရဲ့အရာရာကို အရှင့်​အ​ပေါ့​ပေးဆက်​ချင်​စိတ်​တို့က ဖြစ်​တည်​လာခဲ့သည်​။
ဒါဆိုရင်​ ​ယောက်ျားချင်းချစ်​တာလားဆိုသည့်​​မေးခွန်းအတွက်​​တော့ ရှင်းပါသည်​ အရှင်​ဖြစ်​​နေလို့ချစ်​တာပါ။

သူ့အ​မေ​ပြောခဲ့​သလိုပဲ သူဟာ အရှင့်​အ​ပေါ် မြင်​မြင်​ချင်း
စွဲလမ်းသွားခဲ့တာလားဆိုတဲ့ ​မေးခွန်းက ထယ်​​ယောင်းရဲ့ စိတ်​ကိုရှုတ်​​ထွေး​စေသည်​။

အရှင်​က​တော့ ထယ်​​ယောင်းတီးတဲ့ သာယာလွန်း​သော
စောင်းသံကို ငြိမ်​သက်​စွာနားဆင်​​နေခဲ့သည်​။
စောင်းသံကို နားဆင်​​နေတုန်း ယွန်းဂီအ​တွေးထဲဝင်​​ရောက်​လာတာက ကင်​မ်​​ဆော့ဂျင်​...။
ရှေ့မှာရှိ​နေတဲ့ ထယ်​​ယောင်းကို​ကျော်​လွန်​ပြီး အ​တွေးထဲဝင်​​ရောက်​လာတဲ့​ ကင်​မ်​​ဆော့ဂျင်​...။
စိတ်​အ​ခြေအ​နေက​တော့ နမ်​ဂျွန်း​ပြောပြထားတဲ့အတိုင်းပဲ။
သူအမြဲ​တွေ့မိတိုင်း စစ်​သူကြီးကင်​မ်​ကို ဖက်​ပြီးငို​နေတဲ့ ကင်​မ်​​ဆော့ဂျင်​ဟာ စစ်​သူကြီးကင်​မ်​ကို ​တော်​​တော်​ချစ်​ပုံရသည်​။
ထိုအ​ကြောင်းများကို စဉ်းစားမိ​တော့ ရင်​ဘက်​ထဲက ဆူးနစ်​လာသလို..။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now