𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(26)

688 107 0
                                    

"အရှင်​ကြွ​ရောက်​လာပါပြီ"

ကိုယ်​ရံ​တော်​တစ်​​ယောက်​ရဲ့စကား​ကြောင့်​ ညီလာခံအတွင်းရှိ သူအားလုံးမတ်​တပ်​ရပ်​ကြပြီး ဝင်​လာ​သော အရှင့်​အား ဂါရဝပြုကြသည်​..။

အရှင်​ယွန်းဂီ ညီလာခံအတွင်းသို့ ဝင်​လာ​တော့ လက်​ဝဲ​နေရာတွင်​ ​ခေါင်းငုံ့မတ်​တပ်​ရပ်​​နေတဲ့ နန်းဂျွန်းကို​တွေ့​တော့ ​ဆော့ဂျင်​အ​ကြောင်းသိထားပြီကို အရှင်​ယွန်းဂီရိပ်​မိသည်​..။
အရင်​ဆိုအမြဲ​တောင့်​​တောင့်​တင်းတင်းနှင့်​ ​ခေါင်း​မော့​နေတဲ့ စစ်​သူကြီးကင်​မ်​မှ ဟုတ်​ပါ​လေစ...။

အရှင်ယွန်းဂီ ပလ္လင်​ထက်​တွင်​ ထိုင်​​သောအခါမှ အကြီးအကဲအားလုံးသည်​ပြန်​ထိုင်​ကြသည်​...။

"​မြောက်​ပိုင်းသူပုန်​​တွေကို တိုက်​ထုတ်​အခါမှာ ​အောင်​မြင်​သွားပြီဖြစ်​တာ​ကြောင့်​ သျှီလာရဲ့ သူပုန်​အ​န္တရာယ်​က​တော့ ကင်း​ဝေးသွားပြီ ဒါ​ကြောင့်​ စစ်​မက်​ဘက်​ကို ခနရပ်​ထားပြီး သျှီလာရဲ့ မကြာခင်​​ရောက်​လာ​တော့မယ့်​ အမဲလိုက်​ပွဲ​တော်​အတွက်​ အမတ်​​တွေရဲ့ အကြံ​ပေးချက်​များကို ငါကိုယ်​​တော်​ နားဆင်​လိုတယ်​"

အရှင့်​စကားအဆုံး လက်​ယာအမတ်​ကြီးမှ မတ်​တပ်​ရပ်​ပြီး..
"အရှင့်​ကို ဂါရဝပြုပါတယ်​ အကြံ​ပေးချက်​တစ်​ခုတင်​ပြခွင့်​ပြုပါ"

အရှင်​ယွန်းဂီ ​ခေါင်းငြိမ့်​ပြ​တော့မှ လက်​ယာအမတ်​ကြီးက..

"ကျွန်​​တော်​မျိုးတို့ ဒီတစ်​​ခေါက်​ အမဲလိုက်​ပွဲ​တော်​ကို အ​ရှေ့ဘက်​​တော့ထဲမှာ ကျင်းပရင်​ အဆင်​​ပြေမယ်​ထင်​ပါတယ်
အ​ကြောင်းပြချက်​က​တော့ အ​ရှေ့ဘက်​​တောမှာ သားရဲတို့များပြားပြီး တစ်​ခြားနိုင်​ငံနယ်​နိမိတ်​နဲ့လည်း ကင်းရှင်းတာ​ကြောင့်​ပါ အရှင်​"

လက်​ယာအမတ်​ကြီးရဲ့ စကားကို အကုန်​လုံးက ​ခေါင်းညိတ်​​ထောက်​ခံကြသည်​..။
အရှင်​ယွန်းဂီကလည်း အသိအမှတ်​ပြုရုံ တစ်​ချက်​ကြည့်​ပြီး ​ခေါင်းညွတ်​​တော့မှ လက်​ယာအမတ်​ကြီးသည်​ ပြန်​ထိုင်​သည်​.။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now