𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(9)

687 110 0
                                    

"ဒါ မင်း​နေရမယ့်​ အ​ဆောင်​ပါ "

"လာဆည်းကြို​ပေးလို့ အထူး​ကျေးဇူးတင်​ပါတယ်​ အရှင်​"

သူမက အရှင်​ကို​ခေါင်းငုံ့ဂါရဝပြုပြီး အ​ဆောင်​တွင်းသို့ဝင်​သွားသည်​။
အရှင်​ယွန်းဂီကလည်း သူ့အ​ဆောင်​သူပြန်​သွား​တော့ ကျန်​ခဲ့တာက နမ်​ဂျွန်းနှင့်​ မင်းသမီးငယ်​။

"မင်းသမီးငယ်​ "

"​ပြောပါ စစ်​သူကြီးမင်း"

"ကျွန်​​တော့်​အ​ပေါ် အပြစ်​ရှိသလိုကြီးမ​နေပါနဲ့ ကျွန်​​တော်​အဆင်​​ပြေပါတယ်​"

နမ်​ဂျွန်းစကားကြား​တော့ သူမက အချိုသာဆုံးပြုံးပြသည်​။
စစ်​သူကြီးကင်​မ်​က ပြည့်​စုံလွန်းသည်​။
ရုပ်​ရည်​။ အရည်​အချင်း တစ်​ခုမှကို ​ပြောစရာမရှိ ။
ဒါ​ကြောင့်​လည်း ခမည်း​တော်​က တစ်​ခါတည်း လက်​ခံတာဖြစ်​မယ်​။
သူမ စဉ်းစားရင်း ပြုံးမိသည်​။

"မင်းသမီး ဘာဖြစ်​လို့လည်း"

"ဟင်​ ဘာမှမဖြစ်​ပါဘူး"

"ဒါဆိုလည်း သွားကြရ​အောင်​​လေ မင်းသမီးအကြီးဆီကို ​နောက်​လည်းလာလို့ရတာပဲ"

"ဟုတ်​ကဲ့ပါ ​မောင်​"

သူမရဲ့ ရုတ်​တရက်​​ပြောလိုက်​တဲ့စကား​ကြောင့်​ နမ်​ဂျွန်းလန့်​သွားပြီး သူမကိုကြည့်​​တော့ သူမကပြုံးပြသည်​။
နမ်​ဂျွန်းလည်းပြန်​ပြုံးပြလိုက်​ပြီး သူမကို အ​ဆောင်​အမြန်​လိုက်​ပို့​ရ​တော့သည်​။

အခုလိုအချိန်​မှာ နမ်​ဂျွန်း ​ဆော့ဂျင်​ကို အမြန်​​တွေ့ချင်​သည်​။
အခုချိန်​ဆို ကိုယ့်​အ​ကြောင်း မင်းသိသွားပြီလား ဂျင်​။
အရင်​ဆို လာကြို​နေကြ​လေ အခုကျ​တော့ ဘာလို့လည်း ဂျင်​။

"စစ်​သူကြီးကင်​မ်​ သခင်​​လေး ​မေ့လဲသွားလို့ပါ အခုထိသတိပြန်​မရ​သေးဘူး"

မင်းချင်းတစ်​​ယောက်​ရဲ့ဘစကား​ကြောက့်​ နမ်​ဂျွန်း မင်းသမီးငယ်​ကိုပင်​ ဂရုမစိုက်​နိုင်​​တော့ပဲ ​ဆော့ဂျင်​အိမ်​​တော်​ကို​ပြေးရ​တော့သည်​။
မင်းသမီးငယ်​က​တော့ ​ကြောင်​​တောင်​​တောင်​​လေးသာကျန်​ခဲ့ပြီး အ​စေခံတစ်​​ယောက်​ကိုသာ သူမအ​ဆောင်​​ရောက်​​အောင်​ လမ်းညွှန်​ခိုင်းရ​တော့သည်​။
_______________________
နမ်​ဂျွန်း ​ဆော့ဂျင်​ဆီ​ရောက်​​တော့ ကုတင်​​ပေါ်တွင်​ဖြူ​ဖျော့စွာလဲ​နေသည့်​ ​ဆော့ဂျင်​။
ဘေးမှာလည်း ထယ်​​ယောင်း၊​ဆော့ဂျင်​မိခင်​နှင့်​ သမား​တော်​အချို့။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now