𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(12)

709 70 2
                                    

ညီလာခံတွင်​ဖြစ်​သည်​။
ဂို​လျောမင်းသမီးကြီးကို အ​နောက်​မိဖုရားတင်​​မြှောက်​ရန်​ဖြစ်​သည်​။

အရှင်​သည်​ ပုလ္လင်​​ပေါ်တွင်​ကျနစွာ ထိုင်​​နေပြီး အ​နောက်​မိဖုရားလာမည့်​အချိန်​ကို​စောင့်​​နေသည်​။
မှူးမတ်​အစုံအလင်​နှင့်​ ညီလာခံသည်​ အ​နောက်​မိဖုရားတင်​​မြှောက်​မည့်​​နေရာဖြစ်​​နေ​တော့ နည်းနည်းကွဲလွဲ​နေသည်​။

နမ်​ဂျွန်း​ဘေးတွင်​ မင်းသမီးငယ်​က ထိုင်​​နေပြီး နမ်​ဂျွန်းကို​ရေ​နွးကြမ်းငှဲ့​ပေးသည်​။
နမ်​ဂျွန်းလည်း ပြုံးရုံသာပြုံးပြလိုက်​ပြီး ​ရေ​နွေးကြမ်းကို​ယူ​သောက်​လိုက်​သည်​။
မင်္ဂလာဦးတစ်​ညလုံးသူမနှင့်​ရှိမ​နေ​ပေးနိုင်​ခဲ့သည့်​အတွက်​ နမ်​ဂျွန်းသူမကို အားနာမိသည်​။
ဒါ​တောင်​သူမက စိတ်​မဆိုး​ချေ။

ခန​နေ​တော့ မင်းသမီးဝင်​လာသည်​။
အနီ​ရောင်​ဝတ်​​ရုံ​အောက်​က သူမမျက်​နှာကို ဖုံးအုပ်​ထားလျက်​။
အရှင်​ယွန်းဂီက သူမကို လက်​လှမ်း​ပေး​တော့ သူမက အရှင့်​လက်​ကို ဆုပ်​ကိုင်​ပြီး ပုလ္လင်​​ပေါ်တက်​သည်​။

"ဂို​လျောမင်းသမီးဂီကို ငါကိုယ်​​တော်​ရဲ့ အ​နောက်​မိဖုရားအဖြသ်​အပ်​နှင်းလိုက်​ပြီ"

အရှင့်​စကားသံအပြီး ကျ​ရောက်​လာတဲ့ လက်​ခုပ်​​သံများ။
ထို့​နောက်​ထုံးစံအတိုင်း အစီအရင်​များလုပ်​ပြီး​နောက်​ အခမ်းအနားပြီးဆုံးသွားသည်​။

"ငါကိုယ်​​တော်​ ထပ်​မံမိန့်​စရာရှိ​သေးတယ်​ ​ဆောင်​ကြာမြိုင်​က ဗြပ်​​စောင်းတီးတဲ့ ကင်​မ်​ထယ်​​ယောင်းကို ငါ့ရဲ့ အချစ်​​တော်​ခန့်​အပ်​လိုက်​"

အရှင့်​စကားသံ​ကြောင့်​ အံ့သြသွားရသူက ညီလာခံတစ်​ခုလုံးကသူများ။
ကင်​မ်​ထယ်​​ယောင်းကို အချစ်​​တော်​ခန့်​အပ်​တာ မထူးဆန်း​ပေမယ့်​ အချသ်​​တော်​ခန့်​အပ်​တာ​လောက်​ကို ညီလာခံကြီးမှာ ​ကြေညာ​နေ​တာ​ကြောင့်​ပင်​။

အရှင်​က​ကြေညာပြီးသည်​နှင့်​တစ်​ပြိုင်​နက်​ မိဖုရားကိုထားခဲ့ပြီး အပြင်​ထွက်​သွားသည်​။
သေချာတာ​ပေါ့ အ​ဆောင်​မှာကျန်​ခဲ့တဲ့ သူ့အရုပ်​​လေးဆီသွားဖို့ဆိုတာ။

ညီလာခံထဲက လူ​တွေအားလုံး​ကြောင်​​တောင်​​တောင်​သာကျန်​ခဲ့သည်​။
မင်းသမီးငယ်​ဟာလည်း သူ့အစ်​မဆီသွားပြီး အ​နောက်​နန်း​ဆောင်​ကိုလိုက်​သွားသည်​။

နမ်​ဂျွန်းလည်း ညီလာခံအတွင်းမှာကျန်​ခဲ့တဲ့ အမတ်​တစ်​ချို့နဲ့ စကား​ပြော​နေရင်းနဲ့မှ အ​တွေးထဲ​ရောက်​လာတဲ့ ​ဆော့ဂျင်​ရဲ့ပုံရိပ်​တို့။
နမ်​ဂျွန်းလည်း စကားအမြန်​ဖျက်​ပြီး ​ဆော့ဂျင်​ရဲ့ အ​ဆောင်​ကို​အ​ပြေးသွားလိုက်​ရသည်​။
နမ်​ဂျွန်းရင်​ထဲ​အေးသွားသည်​။
ညီလာခံအတွင်းအရှင်​​ပြောလိုက်​တဲ့ စကား​တွေ​ကြောင့်​။
သူကပဲ အ​တွေး​တွေလွန်​ခဲ့ပြီး စိုးရိမ်​လွန်​ခဲ့သည်​ဟု နမ်​ဂျွန်းထင်​သည်​။
ခန​ပဲ​စောင့်​ပါ အချစ်​ရယ်​။
မင်းနဲ့ကိုယ်​တို့ အလှပဆုံးကမ္ဘာကို တည်​​ဆောက်​ကြမယ်​​လေ။ မင်းရဲ့ဘဝ​လေးကို ကိုယ့်​ရင်​ခွင်​ထဲမှာ အမြဲသာယာ​နေ​စေ​တော့မှာမို့။ ချစ်​တယ်​ ဂျင်​ရယ်​။
______________________
အရှင်​ယွန်းဂီ နန်း​ဆောင်​ကိုပြန်​​ရောက်​​တော့ ထယ်​​ယောင်းက ​ဘေးတစ်​​စောင်း​လေးလှဲအိပ်​​နေသည်​။
အရှင်​ယွန်းဂီလည်း ထယ်​​ယောင်း​ဘေးမှာ ထိုင်​ရင်း​စိုက်​ကြည့်​​နေမိသည်​။

အရှင်​ယွန်းဂီသည့်​ ကိုယ့်​ကိုကိုယ်​​တောင်​ နားမလည်​​တော့။
ထယ်​​ယောင်းအ​ပေါ်ချစ်​တယ်​ဆိုတဲ့ ခံစားချက်​မရှိ​ပေမယ့်​ သူ့တစ်​ဦးထဲအပိုင်​ဖြစ်​ချင်​သည်​။
ဒါ​ကြောင့်​သူ အလျင်​လိုမိသည်​။

အေးစက်​​နေတဲ့ နှလုံးသားကို​နွေး​ထွေးသွား​အောင်​လုပ်​နိုင်​သူက ထယ်​​ယောင်းတစ်​​ယောက်​သာ ရှိသည်​။
အရှင်​ယွန်းဂီသိပါသည်​။
ထယ်​ယောင်းက သူ့အ​ပေါ်ကို ​ဆော့ဂျင်​ထက်​ပိုပြီးလွှမ်းမိုးနိုင်​တယ်​ ဆိုတာကို၊
ဒါ​ပေမယ့်​ သူလက်​မ​လျော့နိုင်​​သေး ငယ်​ငယ်​ကတည်းက လိုချင်​တယ်​ဆိုရ​အောင်​ယူတတ်​သည်​မို့ ​ဆော့ဂျင်​ဆိုသည့်​အဖိုးတန်​လေးကိုလည်း သူပိုင်​ဆိုင်​ချင်​မိသည်​။

သူဟာ ​လောဘကြီးသည်​။
လိုချင်​တာကိုရ​အောင်​ယူတတ်​သူမို့..။
ရက်​စက်​သည်​။
သွေးအချို့နှင့်​​နေသားကျ​နေခဲ့သူမို့..။
______________________________________
T.B.C

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏

Written By
Guulili

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now