𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(27)

704 110 2
                                    

နမ်​ဂျွန်း ညီလာခံပြီးသည်​နှင့်​ ​ဆော့ဂျင်​အရင်​က​နေသည့်​ အိမ်​​တော်​ကိုသွားရန်​ဆုံးဖြစ်​ထားသည်​..။
အိမ်​​တော်​ကို ​ရောက်​​တော့ မည်​သူမျှရှိမ​နေ..။

နမ်​ဂျွန်းအထဲထိ​လျှောက်​လာခဲ့​တော့ ​မှောင်​မဲ​နေတဲ့ ​နေရာလွတ်​​တွေမှလွဲပြီး ဘာမှရှိမ​နေ..။
တင်းထားသမျှကို ​လျှော့ချလိုက်​ချင်​​နေပြီဖြစ်​သည်​..။
ယောက်ျားတန်​မဲ့ အရှက်​မရှိ ငိုချလိုက်​ချင်​​နေပြီ..။

နမ်​ဂျွန်း ​ထောင့်​တစ်​​နေရာ​ရောက်​​တော့ ထိုင်​ချလိုက်​ပြီး ​ခေါင်းငိုက်​စိုက်​ချထားမိသည်​..။

"​တောင်းပန်​ပါတယ်​ မင်းနားမှာ ရှိ​မ​နေ​ပေးနိုင်​ခဲ့လို့"

နမ်​ဂျွန်းရှိုက်​ကာ ငို​နေမိသည်​..။
တစ်​သက်​လုံး​ဘေးနားမှာ ထားရန်​ရည်​ရွယ်​ထားခဲ့သူက အခု​တော့ထာဝရစွန့်​လွှတ်​ရ​တော့မယ်​တဲ့လား..။
အရင်​က ရိပ်​မိခဲ့လို့ အရှင့်​အတွက်​ စွန့်​လွှတ်​​ပေးမယ်​ ​တွေးထားခဲ့မိ​ပေမယ့်​ လက်​​တွေ့မှာ​တော့ ​သေမတတ်​။

နမ်​ဂျွန်း ​ခေါင်းငုံ့ငို​နေရင်း ​နောက်​နားမှ ​ခြေလှမ်းတစ်​ချို့ကို ကြားလိုက်​ရသည်​..။
သူလှည့်​မကြည့်​လို​တော့ပါ..လုပ်​ကြံသူဆိုရင်​​တောင်​ အ​သေခံလိုက်​ရုံပဲ​ပေါ့..။

"စစ်​သူကြီးကင်​မ်​ ​ဆော့ဂျင်​ရဲ့ အစ်​ကိုပါ"

နမ်​ဂျွန်းပခုံးသို့လာ​ရောက်​ထိ​တွေ့တဲ့ လက်​အစုံ​ကြောင့်​ လှည့်​ကြည့်​မိသည်​..။
ဆော့ဂျင်​ရဲ့ အကြီးဆုံးအစ်​ကို..။
မျက်​နှာကလည်းမ​ကောင်း။
ထိုသူသည်​ နမ်​ဂျွန်း​ဘေး​တွေဝင်​ထိုင်​လိုက်​သည်​..။

"ဂျင်​​လေးကို အထင်​မလွဲပါနဲ့ အရှင်​ကမတရားတဖြင့်​ သိမ်းလိုက်​တာပါ ဂျင်​​လေးက မင်းကို သိပ်​ချစ်​တာ"

အစ်​ကို​တော်​စကား​ကြောင့်​ နမ်​ဂျွန်း ​ခေါင့်​ညိမ့်​မိသည်​..။

"ကျွန်​​တော်​လည်းသူ့ကို ချစ်​တယ်​ ဒါ​ပေမယ့်​ အခုအချိန်​မှာ သူ့အတွက်​ဘာမှမလုပ်​​ပေးနိုင်​ဘူး ရင်​ဆိုင်​ရမယ့်​သူက အရှင်​ဖြစ်​​နေတာမို့"

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now