𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(5)

701 111 0
                                    

နေ​ရောင်​ခြည်​​နွေး​နွေးတို့က ကုတင်​​ပေါ်တွင်​အိပ်​​ပျော်​​နေသည့်​ ​ဆော့ဂျင်​ရဲ့မျက်​နှာ​ဖွေး​ဖွေးထံကျ​ရောက်​သည်​။

"ဟင်းးးး ဂျွန်း"

မျက်​လုံးစဖွင့်​သည်​နှင့်​​ရေရွတ်​မိသည့်​ ထိုလူသား၏ အမည်​နာမ။
ဘေးနားမှာမရှိ​တာ​ကြောင့်​ အတင်းကုန်းထပြီး ​ဘေးဘီသို့ကြည့်​ပါ​သော်​လည်း ထိုလူသားသည်​မရှိ။
ညီလာခံသွားသည်​ဟုပဲ စိတ်​ကိုနှိမ့်​ချပြီး အ​စေခံတစ်​​ယောက်​ကိုလှမ်း​ခေါ်မိသည်​။

"သခင်​​လေးစစ်​သူကြီးကင်​မ်​က ဂို​လျောကိုသွားပါပြီ"

ထိုအ​စေခံ​ပြောလိုက်​​သောစကား​ကြောင့်​ ​ဆော့ဂျင်​မျက်​နှာ​လေးညှိုးကျသွားရသည်​။

"ဟို ​ဂို​လျောသွားဖို့က လို​သေးတယ်​ဆို"

"အဲ့တာ​တော့ ကျွန်​မတို့လည်းမသိဘူးသခင်​​လေး ဒီ​နေ့မနက်​မှပဲ ဂို​လျောကိုသွားတာပါ သခင်​​လေး"

ထိုသို့​ပြောပြီး အ​စေခံမ​လေးအပြင်​ပြန်​ထွက်​သွားသည်​။

"မင်းငါ့ကိုထားခဲ့ပြန်​ပြီ ဂျွန်း နှုတ်​​တောင်​မဆက်​ဘဲ ထပ်​ပြီး ဟင့်​ ထပ်​ပြီး​တော့"

ဆော့ဂျင်​အိပ်​ရာစကို တင်းတင်းဆုပ်​ပြီး ရှိုက်​ရှိုက်​ကာ ငို​နေသည်​။

"ငါ ဟင့်​ငါ ​ပျော့ညံ့လွန်းလို့မင်းက ငါ့ကိုစိတ်​ကုန်​သွားပြီလား"

ဆော့ဂျင်​မျက်​နှာတစ်​ခုလုံးနီရဲပြီး နှုတ်​ခမ်းဖူးဖူး​လေးကလည်း တစ်​ဆစ်​ဆစ်​ တုန်​​နေသည်​။

"ငါ မင်းကိုလွမ်း​နေမှာ ဂျွန်းရဲ့"

"သခင်​​လေး သခင်​​လေးရဲ့ ကင်​မ်​ထယ်​​ယောင်း လာပါတယ်​"

အ​စေခံတစ်​​ယောက်​ရဲ့စကား​ကြောင့်​ ​ဆော့ဂျင်​ အငိုရပ်​သွားပြီး မျက်​ရည်​​တွေကို လက်​ခုံ​လေးနဲ့ အလျင်​အမြန်​သုပ်​လိုက်​သည်​။

"သခင်​​လေး "

"ဆရာကင်​မ်​"

ဆော့ဂျင်​ဘယ်​​လောက်​ပဲ မျက်​ရည်​​တွေကိုသုပ်​ထားပါ​စေ..
ဖောင်းမို့​နေတဲ့ မျက်​ခွံ​လေးနဲ့ နီရဲ​နေတဲ့နှာ​ခေါင်းထိပ်​​လေးက​တော့ ငိုထားတာကို မဖုံးကွယ်​နိုင်​ခဲ့ဘူး...။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now