𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(𝒇𝒊𝒏𝒂𝒍 2)

779 102 2
                                    

"အရှင်​ ​လျှောက်​တင်​ရမှာ စိုးရွံ့မိ​ပေမယ့်​ ကိုယ်​လုပ်​​တော်​ကင်​မ်​ အ​ခြေအ​နေမ​ကောင်းပါဘူး ​သွေး​အားအလွန်​နည်း​နေပါ
တယ်​ အခုတစ်​ခါမှ မဟုတ်​ဘဲအရင်​တုန်းကလည်း ​သွေးအန်​ဖူး​လောက်​ပါတယ်​ ကျွန်​​တော်​မျိုးတို့လည်း ကိုယ်​လုပ်​​တော်​ကင်​မ်​ရဲ့ ​ရောဂါအ​နေအထားကို အခုအချိန်​မှာ ကြုံ​တွေ့ဖူးတာပါ  အရှင်​"

"အဲ့အချိန်​တုန်းက မင်းတို့က ဘာလို့မသိကြတာလည်း"

အရှင်​ယွန်းဂီသည်​ ကုတင်​ထက်​တွင်​ဖြူ​ဖျော့စွာလဲ​နေသည့်​ ​ဆော့ဂျင်​၏ လက်​ကိုဆုပ်​ကိုင်​ရင်း​သွေး​အေးစွာပြန်​​ပြောသည်​။

"စိုးရွံ့မိပါတယ်​အရှင်​ ကိုယ်​လုပ်​​တော်​ကင်​မ်​က"

"ဘယ်​အတိုင်းအတာ​လောက်​ထိ ဆက်​ရှင်​​နေနိုင်​မှာလည်း"

အရှင်​ယွန်းဂီသည်​ သမား​တော်​တို့ကို လက်​ပြကာ သူသိလိုသည်​ကို ထပ်​မံ​မေးမြန်းသည်​..။

"ကျွန်​​တော်​မျိုးတို့ခန့်​မှန်းမိသ​လောက်​က​တော့ ရက်​သတ္တပတ်​ တစ်​ပတ်​​လောက်​ပဲ ဆက်​ရှင်​သန်​နိုင်​မယ်​လို့ ထင်​ပါတယ်​ အရှင်​"

"ရပြီ သွား​တော့"

သမား​တော်​တို့သည်​ အ​ဆောင်အပြင်​ဘက်​သို့ထွက်​သွားကြသည်​..။
အရှင်​ယွန်းဂီသည်​လည်း ​ဆော့ဂျင်​ကိုတစ်​ချက်​ကြည့်​ပြီး နန်း​ဆောင်​အပြင်​ဘက်​ထွက်​လာခဲ့သည်​..။

အ​ဆောင်​အပြင်​​ရောက်​​တော့ ​ဆော့ဂျင်​ရဲ့မိခင်​နဲ့အစ်​ကို​တော်​တို့ရှိ​နေပြီး အရှင်​ယွန်းဂီကိုမြင်​​တွေ့သည်​နှင့်​အရိုအ​သေ​ပေးကြသည်​။

"ဝင်​ခွင့်​ပြုပါ အရှင်​"

ဆော့ဂျင်​၏ မိခင်​သည်​ အရှင်​ယွန်းဂီ​ရှေ့ထိုင်​ချပြီးမျက်​ရည်​များနှင့်​​တောင်းပန်​သည်​..။
အရှင်​ယွနိးဂီသည်​ မကြားဟန်​ပြုပြီး ထွက်​သွားမည်​လုပ်​ပြီးမှ ​ဆော့ဂျင်​မိခင်​ကို ​ကျောခိုင်းလျက်​ ​ခေါင်းသာ တစ်​ဖက်​သို့လှည့်​လာပြီး..။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now