𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(𝒇𝒊𝒏𝒂𝒍)

1.5K 133 25
                                    

လမင်းကြီးသည်​ ​ကောင်းကင်​​ပေါ်တွင်​ ထည်​ဝါစွာ ​နေရာယူထားသည်​..။
အမဲလိုက်​ပွဲ​တော်​ ဆင်​နွှဲရာ​တောအုပ်​သို့​ရောက်​​တော့မည်​ဖြစ်​သည်​..။

အရှင်​ယွန်းဂီသည်​ မြင်းတန်း၏​ရှေ့ဆုံးမှ ဦး​ဆောင်​သွား​နေပြီး
အရှင်​၏​ဘေးတွင်​ မိဖုရားဂီလိုက်​ပါလာသည်​။
သူမသည် အထိန်း​တော်​ကြားထဲတွင်​ရှိ​သော ညီမဖြစ်​သူကို မကြာခနလှမ်းကြည့်​​နေမိသည်​..။
အရှင်​ရိပ်​မိသွားလျှင်​ မလွယ်​နိုင်​ဘူး​လေ..။

နမ်​ဂျွန်းလည်း မြင်းဖြူ​ပေါ်တွင်​ ငြိမ်​သက်​စွာထိုင်​ပြီး လိုက်​ပါလာခဲ့သည်​။
နမ်​ဂျွန်းတွင်​ ကိုယ်​ပိုင်​စိတ်​မရှိ​တော့..။
ဆော့ဂျင်​..။
သူ့အ​တွေးထဲတွင်​​ဆော့ဂျင်​သာရှိသည်​။
ဆော့ဂျင်​ မရှိ​တော့လျှင်​ သူပါ​သေသွားနိုင်​သည်​..။

အရှင့်​ကို သိပ်​ပြီးမသင်္ကာ​ပေမယ့်​ အရှင်​ယခုအချိန်​ သူ့ကို
သတ်​လိုက်​လျှင်​လည်း သူ​ပျော်​​ပျော်​ကြီး အ​သေခံနိုင်​သည်​။
အဘယ်​​ကြောင့်​ဆို သူဒီဘဝတွင်​ အသက်​ရှင်​​နေ​သော်​လည်း ​ဆော့ဂျင်​မရှိ​တော့လျှင်​ မဖြစ်​နိုင်​ပါ။
အရှင့်​ကို​တော့ သူအံ့သြမိပါသည်​။
ဆော့ဂျင်​နှင့်​ပတ်​သက်​ပြီး မျက်​နှာ​ပြောင်​တိုက်​လွန်းသည်​။
သူနားမလည်​နိုင်​ပါ..ငယ်​ငယ်​ကတည်းက သစ္စာ​စောင့်​သိပြီး အရှင့်​အပါးမှာ ​နေ​နေခဲ့ရ​တာ​တောင်​ သိခဲ့ပြီး​သော အရှင့်​အ​ကြောင်းများသည်​ မကြာခန​ပြောင်းလဲ​နေတတ်​သည်​။

တစ်​ဖက်​တွင်​လည်း ​ဆော့ဂျင်​နှင့်​ထယ်​​ယောင်းသည်​ ​ဖြေးညှင်းစွာသွား​နေ​သော မြင်းတန်းကြီးကို မလွတ်​​အောင်​ ချုံအတွင်းမှ ​မနားတမ်း​ပြေးလိုက်​​နေရသည်​။
ထယ်​​ယောင်းသည်​ ဆက်​​လျှောက်​နိုင်​​သေး​ပေမယ့်​ ​ဆော့ဂျင်​မှာ​တော့ နွမ်းဖက်​​နေပြီဖြစ်​သည်​..။

ထယ်​​ယောင်း၏လက်​ကို အားကိုးတကြီးဆုပ်​ကိုင်​ပြီး ​ဝေဝါးဝါးသာမြင်​​နေရ​သော နမ်​ဂျွန်းကိုလှမ်းကြည့်​​နေရသည်​..။
သူတို့အ​နေနှင့်​ နမ်​ဂျွန်းအတွက်​ မကာကွယ်​​ပေးနိုင်​​ပေမယ့်​ အရှင်​နှင့်​နမ်​ဂျွန်း ထိပ်​တိုက်​မ​တွေ့​စေရန်​ကို​တော့ တားဖို့ရန်​​တော့ ဖြစ်​နိုင်​​သေးသည်​..။

🎉 You've finished reading 𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!! 🎉
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now