𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(𝒊𝒏𝒕𝒓𝒐3)

969 146 0
                                    

အရှင်​ယွန်းဂီ နမ်​ဂျွန်းနှင့်​​ဆော့ဂျင်​အ​ကြောင်းစဉ်းစား​နေမိသည်​။

"ကင်​မ်​​ဆော့ဂျင်​ဆိုပါလား အဟက်​ မင်းက နတ်​သား​လေးနဲ့တူတယ်​"

ယွန်းဂီတစ်​​ယောက်​ သူဘာသာသူ​တောင်​နားမလည်​နိုင်​။
လူတစ်​​ယောက်​အ​ကြောင်းကို အ​ရေးတယူစဉ်းစားဖူးတာ ပထမဆုံးအချိန်​ပဲ​လေ။

"ငါ​တောင်​အနားမယူတာကြာပြီပဲ"

အရှင်​ယွန်းဂီလည်း အ​ဆောင်​အပြင်​ထွက်​လာမိသည်​။
ဦးတည်​ရာက​တော့ နန်းတွင်း​ဆောင်​ကြာမြိုင်​ဆီသို့...။
___________________________________
အရှင်​ယွန်းဂီ ဝင်​လာ​တော့ ​ဆောင်​ကြာမြိုင်​အတွင်းမှာ စုစုရုံးရုံးဖြစ်​သွားပြီး အရှင့်​ကို​ဖျော်​​ဖြေကြ​တော့သည်​။

"အရှင်​ကြွပါ ​ယမကာသုံး​ဆောင်​​တော်​မူပါဦး"

အရှင်​ယွန်းဂီသည်​ ပလ္လင်​​​ပေါ်မှာ ထိုင်​ပြီး ကြည့်​ရှုသည်​။
ဒါဟာ သူ့ရဲ့အနားယူခြင်းတယ်​မျိုး..။
များစွာ​သော အပျို​တော်​တို့က အရှင်​ယွန်းဂီကို ကပြ​ဖျော်​​ဖြေကြသည်​။ ဒါ​ပေမယ့်​ ယွန်းဂီရဲ့အ​ကြည့်​က​တော့ ခုံ​ပေါ်တွင်​ထိုင်​ကာ ဗြက်​​စောင်းတီး​နေ​သော ​ကောင်​​လေးဆီတွင်​သာ။

နုဖက်​လွန်းသည်​။
သိပ်​​ချောသည်​။
ဆွဲ​ဆောင်​မှုရှိသည်​။
အရှင်​ယွန်းဂ်ီလည်း ထို​ကောင်​​လေးကို စိတ်​ဝင်​စားသွားသည်​။

"ဗြက်​​စောင်းတီး​နေတဲ့​ကောင်​​လေးကို ဒီညအတွက်​ပြင်​ဆင်​ခိုင်းထား"

"မှန်​လှပါ အရှင်​"

အံ့သြသွား​သော်​လည်း သျှီလာအရှင်​ယွန်းဂီကို မည်​သူမှ အာမခံရဲကြ။
__________________________________
ထယ်​​ယောင်းလည်း အရှင်​က ပြင်​ဆင်​ဆိုလည်း ပြင်​ဆင်​​နေရသည်​။ တစ်​ခါမှ ဒီလိုမကြုံဖူး။
သူက ​ယောက်ျား​လေးတစ်​​ယောက်​​လေ။အရှင့်​မှာ အချစ်​​တော်​​တွေရှိတာ သိ​ပေမယ့်​ ဒီလိုအချိန်​ဆို အပျို​တော်​​တွေ​ရွေးမယ်​ထင်​ခဲ့တာ​ပေါ့။

စောင်းတီး​နေတုန်းက အရှင့်​ကို ​မော်​​တောင်​မဖူးရဲတာ​ကြောင့်​ အရှင်​မည်​သို့ အသွင်​ရှိမှန်းမသိ။
အများ​ပြောကြတာ​တော့ အရှင်​ကသိပ်​ရက်​စက်​တယ်​တဲ့...။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now