𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(10)

707 114 0
                                    

ထယ်​​ယောင်း အရှင်​​ခေါ်တာ​ကြောင့်​ အရှင့်​အ​ဆောင်​သို့ ​ရောက်​လာသည်​။
အရှင့်​မှာ မိဖုရား​တွေအ​မြောက်​အမြားရှိ​ပေမယ့်​ ဒီမိဖုရားအသစ်​ကို​တွေ့ကာမှ ဘာလို့ဒီ​လောက်​နာကျင်​​နေရလည်းဆ်ုတာ ထယ်​​ယောင်းမသိပါ။

"အရှင့်​ကို ဂါရဝပြုပါတယ်​ "

ထယ်​​ယောင်း အရှင့်​ကို ဂါရဝပြု​တော့ အရှင်​က သူ​ဘေးနားကို လာ​စေသည်​။
ထယ်​​ယောင်းလည်း အရှင့်​​ဘေးဝင်​ထိုင်​လိုက်​ပြီး ​ခေါင်း​လေးငုပ်​​နေလိုက်​သည်​။

"ကင်​မ်​​ဆော့ဂျင်​ ​မေ့လဲသွားလို့ဆို"

အရှင်​က ထယ်​​ယောင်းကို ​စေ့​စေ့ကြည့်​ပြီး ​မေးလာသည်​။
ထယ်​​ယောင်းမှာ​တော့ အရှင့်​ကို ​မော်​မကြည့်​ရဲ။

"ဟုတ်​ပါတယ်​ အရှင်​"

"ကင်​မ်​ထယ်​​ယောင်း မင်း​ပြောလိုက်​တာမလား စစ်​သူကြီးကင်​မ်​ရဲ့ ကြင်​ယာ​တော်​ ကိစ္စ"

"သခင်​​လေးက ​မေးလို့ပါ "

ထယ်​​ယောင်းစကား​ကြောင့်​ အရှင့်​က ထယ်​​ယောင်းရဲ့မျက်​နှာကို ​မေးက​နေဆွဲ​မော့ပြီး ။

"မင်း ဘာကိုမှနားမလည်​ဘူးပဲ ကင်​မ်​​ဆော့ဂျင်​ရဲ့ အ​ခြေအ​နေကို သိရက်​နဲ့​လေ "

အရှင့်​စကား​ကြောင့်​ ထယ်​​ယောင်းမှု ငိုချင်​လာသည်​။
အရှင်​က သူ့ကို ​ဆော့ဂျင်​​ကြောင့်​ ဆူသည်​တဲ့လား။

"ပါးစပ်​မပါဘူးလား"

"ပါ ပါတယ်​ အရှင်​ "

ထယ်​​ယောင်းကိုကြည့်​ပြီး အရှင်​က ​မဲ့ပြုံးပြုံးကာ..။

"မင်း​ဆောင်​ကြာမြိုင်​မှာ ကြီးပြင်းလာတာဆို​တော့ ကတတ်​မှာ​ပေါ့"

အရှင့်​စကား​ကြောင့်​ ထယ်​​ယောင်းမှာ ​အောက်​ငုံ့ထားရာမှ အရှင့်​ကိုချက်​ချင်​​မော့ကြည့်​ပြီး..။

"မကတတ်​ပါဘူး အရှင်​"

ထယ်​​ယောင်းစကားကိုကြား​တော့ အရှင်​က ထယ်​​ယောင်းဆံပင်​ကို ​နောက်​က​နေ ​ဆောင့်​ဆွဲပြီး..။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now