𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(23)

673 107 2
                                    

နေဝင်​ချိန်​ဆည်းဆာသည်​ မြင်းဖြူ​ပေါ်မှ ခန့်​ညားလွန်းသည့် လူသားနှင့်​ ပနံသင့်​​နေသည်​...။
ည​နေခင်း​ရောက်​ပြီဖြစ်​​သော​ကြောင့်​ နမ်​ဂျွန်​စတို့ သျှီလာသို့ပြန်​​ရောက်​လာကပြီဖြစ်​သည်​...။
တိုင်​ပြည်​အလယ်​တွင်​ ထယ်ဝါစွာရှိ​နေ​သော နန်းတွင်းထဲသို့ နမ်​ဂျွန်းတို့ ဝင်​​ရောက်​လာကြသည်​..။

အရှင့်​ကို ဂါရဝပြုရန်​ နန်း​တော်​​ဆောင်​သို့ဝင်​​ရောက်​​တော့ အရှင်​သည်​ရှိမ​နေ..။
နမ်​ဂျွန်းလည်း ကိုယ်​ရံ​တော်​တို့ကိုပြန်​​စေပြီး​နောက်​ အရှင့်​နန်း​တော်​​ဆောင်​ဘက်​က ​လျှောက်​လာခဲ့သည်​..။

ထူးဆန်းသည်​မှာ အခုအချိန်​ဆို ​ဆော့ဂျင်​သည်​ မိမိပြန်​​ရောက်​​ကြောင်း သတင်းရပြီး​လောက်​​ပေါ့...။
လာမကြိုသည်​မှာ နမ်​ဂျွန်းအတွက်​ ထူးဆန်းလို့​နေသည်​..။

"​မောင်​~"

နောက်​မှ ​လှမ်း​ခေါ်သံ​သေး​သေး​လေး..။
နမ်​ဂျွန်းလှည့်​ကြည့်​မိ​တော့ ကြင်​ယာ​တော်​ဂီ..။
အနည်းငယ်​ ပြုံး​ယောင်​သန်း​နေ​သောလည်း မျက်​နှာသိပ်​မ​ကောင်း..။

"အာ မင်းသမီးငယ်​"

သူမသည်​ နမ်​ဂျွန်းရင်​ခွင်​ထဲတိုးဝင်​သည်​..။
နမ်​ဂျွန်းလည်း အလိုက်​သင့်​​လေး ဖက်​ထား​ပေးသည်​..။

"လွမ်း​နေတာ ​မောင်​ရယ်​ မြှားဆိပ်​မိထားတယ်​ဆို ​မောင်​~"

မင်းသမီးသည်​ နမ်​ဂျွန်းလက်​​မောင်းကို ဆွဲယူကြည့်​သည်​။
နမ်​ဂျွန်းလည်း နှစ်​ခြိုက်​စွာပြုံးမိသည်​..။

"ကိုယ်​သက်​သာသွားပါပြီ"

"စိတ်​ပူ​နေခဲ့တာ ​မောင်​ရဲ့"

"​ကျေးဇူးတင်​ပါသည်​"

နမ်​ဂျွန်း​ကျေးဇူးတင်​စကား​ပြော​တော့ သူမက သွားတက်​​လေး​တွေ​ပေါ်လာသည်​အထိပြုံးသည်​..။

"လိုလို့လား ​မောင်​ရယ်​"

"ဟို ​ဂျင်​ကို မ​တွေ့မိသလိုပဲ​နော်​"

နမ်​ဂျွန်း​ပြောလိုက်​​သောစကား​ကြောင့်​ ကြင်​ယာ​တော်​ဂီသည်​ မျက်​နှာ​လေးညှိုးသွားသည်​..။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now