𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(18)

682 105 1
                                    

ထယ်​​ယောင်း ခန္ဓာကိုယ်​တစ်​ခုလုံး အရှင်​ နှိပ်​စက်​ထားသည့်​ ဒဏ်​​ကြောင့်​ လှုပ်​​တောင်​မလှုပ်​နိုင်​။
အခုလည်း နာကျင်​မှု​တွေနဲ့ နိုးထလာပြီးမှ သူ​ဆောင်​ကြာမြိုင်​ကိုမပြန်​ရဲ။
အရှင့်​ခွင့်​ပြုချက်​မပါဘဲ လုပ်​မိလို့ ​နောက်​ထပ်​ အပြစ်​​ပေးခံရနိုင်​သည်​​လေ။

ခန​နေ​တော့ အပျို​တော်​အချို့ဝင်​​ရောက်​လာကြသည်​။
လက်​ထဲတွင်​လည်း အဆင်​တန်​ဆာအချို့နှင့်​..။

"ကင်​မ်​ထယ်​​ယောင်း ဒီ​နေ့အရှင်​က အချစ်​​တော်​တင်​​မြှောက်​မှာပါ"

အပျို​တော်​တစ်​​ယောက်​ရဲ့ စကား​ကြောင့်​ ထယ်​​ယောင်းမှာ အလန့်​တကြားနှင့်​။
ကြိုတင်​သိခဲ့​ပေမယ့်​ ဒီလိုအလျင်​အမြန်​ဖြစ်​သွားလိမ့်​မယ်​လို့ သူမထင်​ထားခဲ့မိတာအမှန်​..။
အရှင်​ဘာလို့ ဒီ​လောက်​ကြီး အလျင်​လိုရတာလည်း...။
ဧကန္တ..ထင်​သလိုမဖြစ်​ပါ​စေနဲ့...။

"ကဲ အ​တွေးများမ​နေနဲ့ ​နောက်​ကျ​နေရင်​ ကျွန်​မတို့က လည်းဖြတ်​ခံရမှာရှင့်​"

အပျို​တော်​များလည်း ​ပြော​ပြောဆိုဆိုနဲ့ ထယ်​​ယောင်းကို အချစ်​​တော်​ အဆင်​တန်​ဆာတို့ ဝိုင်းဝန်းဆင်​မြန်း​ပေးကြသည်​။
ထယ်​​ယောင်းမှာ​တော့ ​ကြောင်​​တောင်​​တောင်​​လေးဖြစ်​​နေ​လေသည်​။

ခန​​နေ​တော့ ထယ်​​ယောင်းဟာ အဆင်​တန်​ဆာတို့ ထုံးဖွဲ့၍ပြီးသွားသည်​။
အစိမ်း​ရောင်​ဝတ်​စုံနှင့်​ ထယ်​​ယောင်းဟာ နတ်​သက်​​ကြွေလာတဲ့ နတ်​သား​လေးအလား...။

"အမ ကျွန်​​တော်​ တစ်​ခု​မေးစရာရှိတယ်​"

ထယ်​​ယောင်း အပျို​တော်​တစ်​​​ယောက်​ကို လက်​တို့၍ အ​မေးစကာူဆိုမိ​တော့ အပျို​တော်​အမက ပြုံးလာပြီး...။

"​ပြော​လေ ထယ်​​ယောင်း"

"ကျွန်​​တော်​ ဟို သခင်​​လေး​ဆော့ဂျင်​ကို မ​တွေ့တာကြာလို့"

ထယ်​​ယောင်းစကား​ကြောင့်​ ထိုအပျို​တော်​အမက မျက်​နှာသိသိသာသာ ပျက်​သွားသည်​။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now