𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(16)

675 100 0
                                    

"ဂျင်​ ကိုယ်​သွား​တော့မယ်​​နော်​"

ဒီတစ်​ခါတွင်​​တော့ ​ဆော့ဂျင်​သည်​ နမ်​ဂျွန်းကို တားဆီးခြင်းမရှိဘဲ အသာတကြည်​ သွားခိုင်းသည်​။
နမ်​ဂျွန်းလည်း ကုတင်​​ပေါ်တွင်​ ငြိမ်​ငြိမ်​​လေးထိုင်​​နေတဲ့ ​ဆော့ဂျင်​ရဲ့ နဖူးဝင်းဝင်း​လေးကို ဖိနမ်းရင်း အခန်းအပြင်​ထွက်​လာခဲ့သည်​။

နမ်​ဂျွန်းထွက်​သွားမှ ​ဆော့ဂျင်​ရဲ့ ပါးမို့မို့​လေးထက်​သို့
ကျဆင်းလာတဲ့ မျက်​ရည်​ကြည်​။
အရင်​တုန်းကလို နမ်​ဂျွန်းကို အတင်းတားရင်​ နမ်​ဂျွန်း သူ့ကို စိတ်​ဆိုးသွားမယ်​လို့ ​ဆော့ဂျင်​သိသည်​။

"မင်း​ပြောတာမှန်​တယ်​ ဂျွန်း မင်းမှာကြင်​ယာ​တော်​ရှိ​နေပြီဆို​တော့ ငါ့ကိုယ်​ငါ ထိန်းချုပ်​သင့်​ပြီ ဂျွန်း ဟားးး ​တောင်းပန်​ပါတယ်​ ဂျွန်း"

ဆော့ဂျင်​ စကားတစ်​လုံး ​ပြောဖို့အတွက်​ အားတင်း​နေရသည်​။
မငိုဘူးဟု ဆုံးဖြတ်​ထား​ပေမယ့်​ နမ်​ဂျွန်းနဲ့ဆို ဒီမျက်​ရည်​က ကျတတ်​စမြဲ။

"မင်းနဲ့ ငါအမြဲတမ်​ပဲ ခွဲ​နေရတာပဲ ဂျွန်းရာ ချစ်​တယ်​ဂျွန်းရယ်​"

ရှိုက်​သံများနှင့်​ မပီမသစကားများထွက်​ကျလာသည်​။
အိပ်​ယာထက်​တွင်​ ခန္ဓာကိုယ်​ကို ကျုံနိုင်​သ​လောက်​ ကျုံ့ပြီး မျက်​ရည်​တို့ကျဆင်း​နေမိသည်​။

အနာဂတ်​ကို ​ဆော့ဂျင်​ကြိုမ​တွေးချင်​၊ အတိတ်​က ဖြစ်​ပျက်​ပြီးခဲ့တဲ့ အ​ကြောင်း​တွေးကိုလည်း မ​တွေးချင်​၊ ယခုလက်​ရှိ အချိန်​​လေးမှာပဲ နမ်​ဂျွန်းနဲ့အတူနှစ်​​ယောက်​တည်း လွတ်​လွတ်​လပ်​လပ်​ ​ပျော်​​ပျော်​ရွှင်​ရွှင်​​နေချင်​မိတာပါ။

ဆော့ဂျင်​လက်​တို့က အိပ်​ယာစကို တင်းတင်းဆုပ်​ကိုင်​ရင်း
ရှိုက်​ကြီးတငင်​ငို​နေမိ​တော့သည်​။
သူမတတ်​နိုင်​ပါ နမ်​ဂျွန်းနဲ့ဆိုရင်​​ပျော့ညံ့လွန်းတဲ့ စိတ်​ကို။

"ချစ်​တယ်​ ဂျွန်း"
____________________
နမ်​ဂျွန်း ဒီတစ်​ခါပြည်​တွင်းက ထွက်​ခွာတဲ့ အချိန်​မှာ​တော့ အရင်​တစ်​​ခေါက်​တုန်းကလို စိတ်​​လေးခြင်းမရှိ​တော့။
အရင်​တစ်​​ခေါက်​က ​​ဆော့ဂျင်​ကို အရှင်​သိမ်းယူမည်​ထင်​၍
စိတ်​ညစ်​ခဲ့​သော်​လည်း အရှင့်​ကို အထင်​လွဲမိခဲ့ခြင်းဟု နမ်​ဂျွန်းထင်​သည်​။
ဒါ​ကြောင့်​ အခုက​တော့ ​ပေါ့ပါးလို့​နေသည်​။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now