𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(21)

688 101 0
                                    

ဆော့ဂျင်​ မ​နက်​က ပွဲပြီးသည်​မှစပြီး ဘာအစားမှ မစားရ​သေး
အခု သူရှိ​နေသည်​မှာ အရှင်​ယွန်းဂီရဲ့ ကိုယ်​လုပ်​​တော်​တစ်​​ယောက်​အ​နေနဲ့ ​နေရမည့်​ အ​ဆောင်​..။

အခန်း​ထောင့်​​တွင်​ ခန္ဓာကိုယ်​​လေးကို ကျုံ့ကျုံ့​လေးထိုင်​ကာ ရှိုက်​ရှိုက်​ငို​နေမိသည်​..။
ဆော့ဂျင်​နားမလည်​ပါ..။
ဘာ​ကြောင့်​ လူတိုင်းက အရှင်​ယွန်းဂီဆိုသူကို ​ကြောက်​ရွံ့​နေကြပြီး သူတို့အတွက်​ပဲ စဉ်းစား​နေကြတယ်​ ဆိုတာကို..။
အထူးသဖြင့်​ သူ နမ်​ဂျွန်းကို လွမ်းမိသည်​.။

သူ​မေ့​နေရာမှ နိုးထလာကတည်းက တစ်​ခုခုကို ​တွေးပူ​နေမိသည်​..။
သို့​ပေမယ့်​ အရှင်​ယွန်းဂ်ီကို သူ သစ္စာပြုခဲ့တာမို့ နမ်​ဂျွန်းဘာမှမဖြစ်​​လောက်​ပါဘူးဟုသာ ကိုယ့်​ကိုကိုယ်​ ​ဖြေသိမ့်​​နေရသည်​..။

လွမ်းတယ်​ ဂျွန်း..။
မင်းပြန်​လာတဲ့ အခါကရင်​​တောင်​ မင်းကို ​တွေ့ခွင့်​မရမဲ့ ငါ့ဖြစ်​က မစိုးလွန်းဘူးလား ဂျွန်း..။
အရာအားလုံးဟာ လိုက်​မမှီနိုင်​​အောင်​ ရုပ်​ချည်း​ပြောင်းလဲသွားတာ ​တွေ့ရင်​ မင်းလက်​ခံနိုင်​ပါ့မလား ဂျွန်း..။
မင်းလက်​ခံနိုင်​မှာပါ။
မင်းက ငါ့လိုမှမဟုတ်​ဘဲ..။
ငါ့ကို မ​တွေ့ရရုံနဲ့ မင်းဘာမှမဖြစ်​​လောက်​ပါဘူး။

ဆော့ဂျင်​ ​တွေးရင်း​တွေးရင်းနှင့်​ ပိုတိုးလို့ ငိုမိသည်​။
မှောင်​မဲ​နေတဲ့ အ​ဆောင်​ထဲတွင်​ ယခုအချိန်​ သူတစ်​​ယောက်​တည်းသာ။

ဆော့ဂျင်​ ​ခြေသံတစ်​ချို့ကြားလိုက်​ရတာ​ကြောင့်​ လှည့်​ကြည့်​မိ​တော့ အ​စေခံတစ်​ချို့။

"ကိုယ်​လုပ်​​တော်​ ကင်​မ်​ အရှင်​ ဒီအ​ဆောင်​ဘက်​သို့ကြွလာပါတယ်​ ကျွန်​​မတို့ ထွက်​ပြီး ဆည်းကြိုရပါ့မယ်​ "

"အဟက်​ အဲ့လူမှာ ​ခြေ​ထောက်​ပါတာပဲ ဘာကိစ္စကြိုရမှာလည်း "

ဆော့ဂျင်​ ခပ်​ရွဲ့ရွဲ့ပြုံးပြီး ပြန်​​ပြော​တော့ အ​စေခံတို့ မျက်​နှာပျက်​ကြသည်​..။

"ကိုယ်​လုပ်​​တော်​ကင်​မ်​သာ သွားမကြိုရင်​ ကျွန်​မတို့အားလုံး ​သေရပါလိမ့်​မယ်​"

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now