အခန်း ၁

2.5K 273 7
                                    

ယူမြစ်မသေမျိုးမိသားစုက အကြီးဆုံးသမီးက အရှေ့ပင်လယ်မိသားစုဝင်နဲ့ လက်ဆက်ခဲ့ပြီး ၃ နှစ်အတွင်းမှာ အရှေ့ပင်လယ်ရေဘုရင်အတွက် ပထမဆုံး သားဦးရတနာ အိမ်ရှေ့စံလေးကို မွေးဖွားပေးခဲ့တဲ့အတွက် မိသားစု ၂ စုလုံး ဝမ်းသာပျော်ရွှင်ခဲ့ကြတယ်။

အရှေ့ပင်လယ်ရေဘုရင်က ပျော်လွန်းပြီး သူ့သားလေးရဲ့ ပထမဆုံးမွေးနေ့ကို ကျင်းပဖို့ ကောင်းကင်နဲ့ မြေပြင်ပေါ်က လူအားလုံးနဲ့ ချင်းချိုးက "ငါ" ပိုင်ချန်ကိုပါ ဖိတ်ကြားခဲ့တယ်။

အဖေနဲ့အမေ ချင်းချိုးမှာမနေဘဲ လျှောက်သွားနေတာ နှစ်ရာပေါင်းများစွာကြာပြီ ။ အကိုတွေဖြစ်တဲ့ ပထမအကို၊ ဒုတိယအကိုနဲ့ တတိယအကိုတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ပြုပြီး ခွဲဝေထားတဲ့ နယ်မြေကိုယ်စီမှာ အုပ်ချုပ်နေကြတယ်။ လေးယောက်မြောက်အကိုကလည်း အရှေ့ပင်လယ်ဘက်ကိုထွက်ပြီး ထွက်ပြေးသွားတဲ့ သူ့ရဲ့စီးတော်ယာဉ်ငှက် ဖန်းဖန်းကိုရှာနေတဲ့အတွက် မြေခွေးဂူထဲမှာ အရှင်မအဖြစ် ငါတစ်ယောက်တည်း ကျန်ခဲ့တယ်။

ဖိတ်စာကို ဂူအပြင်ဘက်ရေလွှာထဲကထုတ်ပြီး နေရောင်အောက်ထောင်ကြည့်လိုက်တယ်။ အမေက ငါ့ကိုမွေးတဲ့အခါ မွေးရခက်နေချိန်မှာ ဒီအရှေ့ပင်လယ်ရေဘုရင်မိသားစုရဲ့ အဘေးက သူတို့မိသားစုပြနေကျ ဝမ်းဆွဲသည်ကိုပို့ပေးလိုက်ပြီး အမေ့ကိုမွေးရလွယ်အောင်ကူညီပေးလိုက်တယ်လို့ ပြောတာကြားဖူးတယ်။
ဒီတစ်ခေါက်ကတော့ သူတို့ကျေးဇူးကိုပြန်ဆပ်ရမယ့်အချိန်ပဲ။
ညပုလဲကိုထုတ်လိုက်ပြီး အရှေ့ပင်လယ်ဘက်ဆီကိုသွားဖို့ ပြင်လိုက်တယ်။
ညပုလဲကဆီကနေ နွေးထွေးတဲ့အစိမ်းရောင်အလင်းတန်းတွေ ဖြာထွက်နေပြီး ဖရုံသီးအရွယ်လောက်ရှိတယ်။ ဒါကိုလက်ဆောင်အဖြစ် အရှေ့ပင်လယ်ရေဘုရင်ကိုပေးရမယ်။

လမ်းကြောင်းရွေးတဲ့အာရုံကလည်း အတော်လေး ဆိုးရွားလွန်းတော့ ဘေးအိမ်မှာနေတဲ့ မင်ဂုဆီကနေ သစ်ခက်လေးတစ်ခုတောင်းခဲ့ရသေးတယ်။

မင်ဂုဆီမှာ အမည်းရောင်သစ်ခေါက်တွေရှိပြီး ညဘက်မှာ လမ်းကိုမြင်စေနိုင်တဲ့ စိုလွင်တဲ့အရောင်စုံပန်းတွေရှိတယ်။ မင်ဂုရဲ့သစ်ခက်လေး လက်ထဲမှာရှိသရွေ့တော့ လမ်းပျောက်မှာ မဟုတ်ဘူး။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now