အခန်း ၁၃

1.3K 200 1
                                    

ခွန်းလွန်တောင်မှာ ပညာသင်တဲ့ တပည့်တွေအတွက် တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ စည်းမျဉ်းတစ်ခုရှိတယ်။ အဲဒါကတော့ မနက်ကို ၇ နာရီဆို အိပ်ရာကထရပြီး ညဆို သန်းခေါင်မတိုင်ခင် မီးမှိတ်ရတာပဲ။

ဆရာတူအကို ၁ နဲ့ ရင်းနှီးရခြင်းရဲ့ အကျိုးကျေးဇူးကတော့ ဆရာခရီးထွက်နေတဲ့အချိန်ဆို ဆရာတူအကို ၁ က စာသင်ချိန် ၁ ချိန် ၂ ချိန်လောက် ပျက်ခွင့်ပေးပြီး အိပ်ယာထဲမှာ ၁ နာရီ ၂ နာရီလောက်ပိုအိပ်ခွင့်ရတယ်။ ကံကောင်းတဲ့နေ့တွေဆို နေ့လည် ၁၁ နာရီလောက်ထိ အိပ်လို့ရတယ်။ ဒါပေမဲ့ အဲဒါကတော့ နောက်အကျဆုံးပဲ။

မနက်စောစောထရတဲ့အကျင့်က ခွန်းလွန်တောင်က ထွက်လာပြီး နှစ်ပေါင်း ၇ သောင်းကြာတဲ့အထိ ငါ့ဆီမှာ စွဲနေခဲ့တယ်။ ဆောင်းရာသီလို လူကိုလေးလံထိုင်းမှိုင်းစေတဲ့ လတွေမှာတောင် မနက် ၉ နာရီကျော်သွားရင် အိပ်ယာထဲမှာ ဆက်ပြီးလှဲမနေနိုင်တော့ဘူး။

ဒါကြောင့်လည်း ဟိုတစ်ရက်က ခရမ်းရောင်နန်းတော်မှာ ဗြောင်းဆန်အောင် ကြုံခဲ့ရလို့ ခန္ဓာကိုယ်တစ်ခုလုံးရော နံရိုးတွေကပါ နှလုံးကို ဓားနဲ့မွှန်းခံထားရသလို နာကျင်နေတာတောင်မှ မနက်လည်းလင်းရော အရင်ကလိုပဲ နိုးနေခဲ့တယ်။

အိပ်ယာကနိုးလာတဲ့အချိန် ငါ့မြေခွေးဂူ အခန်းလေးထဲက ငါ့အိပ်ယာလေးပေါ်မှာ အိပ်နေမှန်း သိလိုက်ရတော့မှ စိတ်က တဖြည်းဖြည်းနဲ့ ပြန်ပြီးတည်ငြိမ်လာတယ်။

ဟိုတစ်ရက်က ခရမ်းရောင်နန်းတော်မှာ ရှိနေတုန်းမှာပဲ သတိလစ်သွားခဲ့တာမို့လို့ ငါရော ဆရာ့ကိုရော အားလီကိုရော ၃ ယောက်လုံးကို ရဲ့ဟွာတစ်ယောက်တည်း ချင်းချိုးထိရောက်အောင် ဘယ်လိုပြန်သယ်လာခဲ့လဲဆိုတာ ငါမြင်ခွင့်မရခဲ့လိုက်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာကျင့်ကြံစွမ်းတွေ ရှိနေတာဆိုတော့ အရမ်းကြီးဒုက္ခရောက်ခဲ့မှာ မဟုတ်ပါဘူး။

အခုလောက်ဆို သိတတ်တဲ့ မင်ဂုကတော့ ဆရာ့ခန္ဓာကိုယ်ကို ရန်ဟွားဂူဆီ ပြန်သယ်သွားလောက်ပြီပေါ့။ ဒါပေမဲ့ မင်ဂုက ဆရာအိပ်နေကျပုံအတိုင်း သေချာမထားထားမှာ စိတ်ပူမိတာကြောင့် ရန်ဟွားဂူဆီ ကိုယ်တိုင်သွားကြည့်ဖို့ အိပ်ရာထဲက ထလိုက်တယ်။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now