အခန်း ၇

1.6K 232 1
                                    

အိမ်ကိုတန်းမပြန်ဘဲ အကို ၃ မှာလိုက်တဲ့ မက်မွန်ပန်းသေရည်ဝင်ပို့ဖို့ သူ့အိမ်ဝင်ကိုဝင်လိုက်တယ်။ အကို ၃ နဲ့ယောက်မတို့ အိမ်မှာမရှိကြဘူး။ ဒါနဲ့သူတို့အိမ်က မသေမျိုးအစေခံလေးချကျွေးတဲ့ မုန့်တွေစား၊ သေရည်ကိုတော့ အစေခံလေးနဲ့ပဲ အပ်ထားခဲ့လိုက်ပြီး ချင်းချိုးကိုပဲပြန်လာခဲ့လိုက်တော့တယ်။

လမ်းမှာ ရှဲ့ကျိုကိုဖြတ်လာတော့ သင်္ချိုင်းမှာမြှုပ်ထားတဲ့ ထျန်ဝူဆီဝင်ပြီး ဂါဝရပြုဖို့ ဆုံးဖြတ်လိုက်တယ်။ ရှေးနတ်ဘုရားအများစုမှာ ထင်ရှားပြီးကြည့်ကောင်းတဲ့ရုပ်ရည်ရှိကြပေမယ့် ထျန်ဝူကတော့ အဲဒီထဲမပါဘူး။ ဒါပေမဲ့ ရုပ်ရည်အရ ကြည့်မကောင်းပေမယ့်လည်း ထျန်ဝူမှာ ခေါင်း ၈ လုံးရှိတော့ အခြားနတ်ဘုရားတွေကို အရေအတွက်အရတော့ ယှဉ်နိုင်တယ်လေ။ ခွန်းလွန်တောင်မှာနေရင်း ဆရာ့ဆီ တပည့်ခံနေတုန်းက ထျန်ဝူနဲ့ ငါ မိတ်ဆွေကောင်းတွေဖြစ်ခဲ့ကြတယ်။ နောက်တော့ ရှောင်လွဲမရတဲ့ ကြမ္မာဆိုးကြီးက ရှေးနတ်ဘုရားတွေရဲ့နေအိမ် အပေါ် ကျရောက်လာတော့ ထျန်ဝူခမျာ မိုးကြိုးထိလို့ မီးလောင်ပြာကျပြီး သေဆုံးခဲ့ရတယ်။ ကြမ္မာဆိုးကျရောက်တယ်လို့ သတင်းကြားကြားချင်း ချင်းချိုးကနေ ရှဲ့ကျိုကို အမြန်သွားခဲ့ပေမယ့် ငါရောက်သွားချိန်မှာ သိပ်နောက်ကျသွားခဲ့ပြီ။ ရှဲ့ကျိုမှာ ထျန်ဝူရဲ့အရိုးပုံကြီးပဲ ကျန်ခဲ့တော့တယ်။

ချင်းချိုးကိုပြန်ရောက်တော့ နေ့ခင်းတောင်ဖြစ်နေပြီ။

ချင်းချိုးကိုခြေချရုံလေးပဲရှိသေးတယ် အစိမ်းရောင်တောက်တောက် လုံးလုံးလေးတစ်ခု မြေခွေးဂူထဲကနေ ပြေးထွက်လာတယ်။

မင်ဂုက ငါ့ဆီကိုလျှောက်လာတယ်။ သူ့မျက်နှာက မှုန်ကုတ်ကုတ်ဖြစ်နေသလိုပဲ။

"ပြန်လာပြီလား အရှင်မ" လို့ စိုးရိမ်မကင်းဖြစ်နေတဲ့လေသံနဲ့ ငါ့ကိုနှုတ်ဆက်တယ်။

မင်ဂုဘေးကနေ ပြေးလာတဲ့လုံးလုံးလေးကို မျက်စိရှေ့မှာမြင်လိုက်ရတော့ မယုံနိုင်လွန်းလို့ ကိုယ့်မျက်လုံးကိုယ် ပြန်တောင်ပွတ်ကြည့်ရတယ်။

အစိမ်းရောင်ေတာက်တောက် လုံးလုံးလေးက အသံတစီစီနဲ့အော်ပြီး ငါ့ကိုပြေးဖက်တယ်။ မျက်လုံးကလည်း မျက်ရည်တွေအဝိုင်းသားနဲ့။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now