အခန်း ၁၂

1.3K 191 13
                                    

နောက်နေ့ နေ့လည်ခင်းလောက်မှပဲ အိပ်ရာထဲကနေ ထလာနိုင်တော့တယ်။ လူကတော့ တစ်ကိုယ်လုံး လန်းဆန်းနေတာပဲ။ ရေမိုးချိုးပြီး ဝတ်စားပြင်ဆင်လို့ပြီးတော့ ယွမ်ကျန်းရဲ့ လူ့ပြည်ကမွေးအမေကို နှုတ်ဆက်ဖို့ ဘုရားကျောင်းဆီကို ထွက်လာခဲ့လိုက်တယ်။

ငါထွက်သွားတော့မယ်လို့ကြားတော့ ယွမ်ကျန်းအမေက ဝမ်းတော့နည်းပေမယ့် ငါက မသေမျိုးတစ်ယောက်ဆိုတာ သူသိနေတာမို့ သူတားလည်းမထူးဘူးဆိုတာ သိပုံပါပဲ။ သက်ပြင်း ၃ ၄ ခါလောက် ချအပြီးမှာတော့ ငါ့ကိုနှုတ်ဆက်လိုက်တယ်။

ချင်းချိုးကိုပြန်ရောက်တော့ နေ့လည်ရောက်လုနီးပေါ့။

လူ့ပြည်မှာရှိနေတဲ့ ၂ လအတွင်း ချင်းချိုးမှာ ဘာမှထူးခြားပြီး ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ တောင်တွေက တောင်တွေအဖြစ်နဲ့ပဲ ရှိနေပြီး ရေကန်တွေကလည်း ရေကန်တွေအဖြစ် ဆက်ရှိနေတုန်းပဲ။ နေမင်းသားတော် မော် က ချင်းချိုးအပေါ် ကြင်ကြင်နာနာနဲ့ ဂရုစိုက်နေဆဲပဲဆိုတော့ ဖြာကျနေတဲ့ နေရောင်ခြည်ကလည်း အရမ်းလည်းမပူသလို ဖျော့တော့နေတာမျိုးလည်းမဟုတ်ဘဲ ပုံမှန်လေးအတိုင်းရှိနေတယ်။

မြေခွေးဂူဝနားမှာ မင်ဂုမတ်တပ်ရပ်စောင့်နေတာကို တွေ့လိုက်ရတယ်။

"ငါပြန်လာပြီ။ ဒီကြားထဲမှာ နင့်ကို ဟိုလုပ်ဒီလုပ်နဲ့ အမိန့်ပေးတဲ့သူမရှိတော့ တော်တော်လေးအနားရနေမှာပေါ့" လို့ မင်ဂုကိုနောက်လိုက်တယ်။

မင်ဂုက ဗလုံးဗထွေးနဲ့ရယ်ရင်း ပြောတယ်။

"ဒါပေမဲ့ မနေ့ကပဲ အရှင်မပြန်လာသေးတာမဟုတ်ဘူးလား။ အရှင်မပြောတော့ အရေးတကြီးလုပ်စရာကိစ္စ ရှိတယ်ဆို။ ဘာလို့အခုမှ လူ့ပြည်ကပြန်လာသလိုမျိုး ပြောနေရတာလဲ"

မင်ဂုစကားကြောင့် အံ့ဩသွားမိတယ်။

"ဒါပေမဲ့ ငါအခုလေးတင် သေမျိုးကမ္ဘာက ပြန်လာတာလေ"

ငါ့စကားအဆုံးမှာ မင်ဂုမျက်နှာက တဖြည်းဖြည်းနဲ့ ဖြူဖတ်ဖြူလျော်ဖြစ်လာပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ငါ့ကိုမေးတယ်။

"ဒါ...ဒါဆို မ.မနေ့က ဒီကိုလာတာဘယ်သူလဲ အရှင်မ"

စိတ်ထဲဒိန်းခနဲဖြစ်သွားပြီး တစ်ကိုယ်လုံးတုန်ရီလာတယ်။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now