အခန်း ၁၈

1.4K 205 2
                                    

ကျန်းယန်ပြောတဲ့စကားတွေအားလုံး နားထောင်ပြီးသွားတာနဲ့ ကောင်းကင်ဘုံကိုးထပ်မှာ ဆက်နေချင်သေးတဲ့ စိတ်ဆန္ဒတွေအားလုံး ပျောက်ကွယ်သွားခဲ့တယ်။ ရဲ့ဟွာနဲ့ ကတောက်ကဆဖြစ်ထားပေမယ့်လည်း ဒဏ်ရာတွေ ကုသနိုင်ဖို့ ကောင်းကင်ရေပူစမ်းကို သုံးခွင့်ရအောင် စီစဉ်ပေးထားပြီး ကူညီပေးထားတာဖြစ်လို့ ဘာမှမပြောမဆို၊ နှုတ်မဆက်ဘဲ ပြန်သွားရမှာက တော်တော်လေး အားနာစရာတော့ကောင်းတယ်။ ဒါပေမဲ့ အခုချက်ချင်း သုတ်သီးသုတ်ပျာနဲ့ ငါကအရင်စပြီး လိုက်ရှာပြန်တော့လည်း အလျှော့ပေးရာကျသလို ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့နှစ်ရက်လုံး ငါ့ကိုဂရုတစိုက်နဲ့ စောင့်ရှောက်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ကြောင်း ရေးထားတဲ့ စာတစ်စောင် ချန်ထားခဲ့ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

ကျေးဇူးတင်စာကိုရေးပြီးတာနဲ့ တောင်ဘက်တံခါးဆီကို ကျန်းယန်နဲ့အတူ ချက်ချင်း ထွက်လာပြီး ကောင်းကင်ဘုံကိုးထပ်ကနေ အမြန်ပြန်ဆင်းလာခဲ့ကြတယ်။

အခုချိန်မှာ ဆရာက အနောက်ပင်လယ်ရေဘုရင်ရဲ့ သားတော်အကြီးဆုံး ခန္ဓာကိုယ်ထဲမှာ အိပ်ပျော်နေတဲ့ ဝိညာဉ်တစ်ခုဆိုတာထက် ဘာမှမပိုပေမယ့် ဆရာ့ကိုတွေ့ရဖို့ အရမ်းကို စိတ်စောနေမိတယ်။ အနောက်ပင်လယ်ဆီကို ချက်ချင်းပြေးဆင်းသွားတဲ့ စိတ်အားထက်သန်မှုက ဘာနဲ့တူသလဲဆို တောတောင်တွေထဲက စောစောနိုးပြီး ဝံ့ဝံ့ကြွားကြွားနဲ့ အတောင်တွေဖြန့်လို့ ပိုးကောင်လေးတွေကို အရှာထွက်တဲ့ ငှက်အမေကြီး နှုတ်သီးမှာ ဝဖြီးနေတဲ့ တီကောင်တစ်ကောင်ကို ချီလာရင်း အသိုက်ထဲကျန်ခဲ့တဲ့ ငှက်ပေါက်လေးတွေကို သူသယ်လာတဲ့ တီကောင်ကျွေးနိုင်ဖို့အတွက် အသိုက်ဆီ အလောတကြီးပြန်တဲ့ပုံနဲ့ တူနေတယ်။

တိမ်ကိုစီးပြီး နာရီပေါင်းအတော်ကြာအောင် ခရီးနှင်လာပြီးတော့မှ အနောက်ပင်လယ်ကို ရောက်လာတော့တယ်။ ကောင်းကင်ဘုံကိုးထပ်က စထွက်လာပြီး ခဏအကြာမှာပဲ ကျန်းယန်တစ်ယောက် ပျင်းလာပြီး အနောက်ပင်လယ်ကို မရောက်မချင်း တရစပ်ကရားရေလွှတ် ပြောတော့တာပဲ။ ကံကောင်းချင်တော့ အခုနောက်ပိုင်း သူနဲ့အကိုလေးတို့နှစ်ယောက် တည့်နေကြတာမို့ အကိုလေးက ဘယ်လိုတွေလုပ်၊ ဘယ်လိုစကားတွေ ပြောပြီး သူ့ကိုအရှက်ခွဲတယ်ဆိုတဲ့ ပျင်းခြောက်ခြောက် ဓာတ်ပြားဟောင်းတွေတော့ နားထောင်စရာမလိုတော့ဘူး။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWo Geschichten leben. Entdecke jetzt