အခန်း ၂၃ (Final Chapter)

3.2K 272 49
                                    

လူ့ပြည်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ထိုင်လို့ ပြဇာတ်တစ်ပုဒ်ကိုကြည့်နေမိတယ်။

ရဲ့ဟွာ မရှိတော့တာ ၃ နှစ်တောင် ကြာသွားခဲ့ပြီ။

ယူမြစ်မှာတိုက်ပွဲဖြစ်ပြီး ချင်းချောင်လည်း သေသွားသလို ရဲ့ဟွာက သူ့ရဲ့ မူလပထမဝိညာဉ်ကို အရှေ့ကန္တာရခေါင်းလောင်းမှာ စတေးခဲ့ပြီး သူ့ဝိညာဉ်က အဝေးတစ်နေရာကို လွင့်စဉ်သွားခဲ့တယ်။

ငါ့ရဲ့ ကျင့်ကြံစွမ်းတွေ တစ်ဝက်တိတိကို ပေးအပ်ထားခဲ့တဲ့ ခွန်းလွန်ယပ်တောင်ဟာ အရှေ့ကန္တာရခေါင်းလောင်းကြီးကို ထပ်ခါ ထပ်ခါ ဖြတ်လို့တိုက်တာကြောင့် ခေါင်းလောင်းကြီးဟာ ၇ ရက်နဲ့ ၇ ညတိုင်အောင် တုန်ခါ မြည်ဟီးနေခဲ့တယ်။

ကျန်းယန်ကတော့ သူရောက်လာတဲ့အချိန်မှာ ရဲ့ဟွာက နောက်ဆုံးထွက်သက်ကို ရောက်နေပြီလို့ ဆိုတယ်။ ငါကတော့ ရဲ့ဟွာ ခန္ဓာကိုယ်ကို ပွေ့ထားခဲ့ပြီး ခေါင်းလောင်းကြီးအောက်ဘက်မှာ ထိုင်နေခဲ့တယ်။ ခေါင်းကနေ ခြေဖျားအထိ သွေးတွေ ရွှဲရွှဲစိုနေလျက်နဲ့ပေါ့။

ငါနဲ့ရဲ့ဟွာ ဘေးပတ်လည်ကို ထူထဲလှတဲ့ မသေမျိုးအရံအတားတစ်ခု ချထားခဲ့မိတာကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ ငါတို့နှစ်ယောက်နားကို ကပ်လာလို့ မရခဲ့ဘူး။

ခေါင်းလောင်းကြီးရဲ့ ၇ ရက်တိုင်တိုင် မြည်ဟီးနေမှုကြောင့် ပင်လယ်လေးခုနဲ့ ကန္တာရရှစ်ခုက မသေမျိုးတွေအားလုံး ယူမြစ်ဆီကို စုရုံးလို့ ရောက်ရှိလာခဲ့ကြတယ်။

ကောင်းကင်ဘုံမင်းတရားကြီးက ကောင်းကင်ဘုံကိုးထပ်မှာရှိတဲ့ မသေမျိုးနတ်မင်း ၁၄ ယောက်ကို ယူမြစ်ဆီ စေလွှတ်လိုက်ပြီး ရဲ့ဟွာ ခန္ဓာကိုယ်ကို တောင်းခံခိုင်းလိုက်တယ်။ ကောင်းကင်ဘုံမင်းတရား စေလွှတ်လိုက်တဲ့ နတ်မင်း ၁၄ ယောက်ဟာ ငါဆွဲထားတဲ့ မသေမျိုး စည်းအပြင်ဘက်မှာရပ်လို့ စည်းပေါ်ကို လျှပ်စီးတွေ နဲ့ပစ်ပေါက်၊ မိုးကြိုးတွေကိုသုံးလို့ အရံအတား အားလျော့ပျက်ပြယ်သွားအောင် ကြိုးစားခဲ့ကြပေမယ့် အက်ရာလေးတစ်ခုထင်သွားအောင်တောင် မလုပ်နိုင်ခဲ့ကြဘူး။

🎉 You've finished reading သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများ 🎉
သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now