အခန်း ၂၀

1.5K 191 2
                                    

တိမ်စိုင်တစ်ခုကိုစီးလို့ အရောင်အဝါတွေတောက်ပနေပြီး နီဆွေးနေတဲ့ တိမ်စိုင်ထုတွေ အုံ့ဆိုင်းနေတဲ့ အနောက်ပင်လယ်ကနေ ကောင်းကင်ဘုံကိုးထပ်ဆီ ပျံတက်သွားလိုက်တယ်။

အလာလမ်းမှာ တိမ်ပေါ်ကနေ လိမ့်ကျခဲ့သေးပေမယ့် ကောင်းကင်ဘုံနန်းတော်ရဲ့ တောင်ဘက်ဂိတ်တံခါးနား ရောက်လာတော့ စိတ်ကတော်တော်လေး လောတဲ့အနေအထားမှာ ရောက်နေပြီ။ ဂိတ်တံခါးကိုရောက်တော့ တံခါးမှာစောင့်နေတဲ့ ကောင်းကင်စစ်သည် ၂ ယောက်က ယဉ်ယဉ်ကျေးကျေးနဲ့ အထဲကိုမဝင်ဖို့ တားလိုက်တယ်။

ကောင်းကင်စစ်သည် ၂ ယောက်တားတာခံလိုက်ရတော့မှ ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်မိတော့ ဖိုသီဖတ်သီဖြစ်နေပါတယ်ဆိုတဲ့ ပုံစံထက်တောင် ပိုဆိုးနေတာတွေ့လိုက်ရတယ်။ ဒီလိုပုံမျိုးနဲ့ ကောင်းကင်ဘုံကိုးထပ်ကို ရောက်လာတယ်ဆိုတာ ချင်းချိုးအတွက် သိက္ခာကျစရာကောင်းနေတော့မှာပဲ။

ရဲ့ဟွာကိုတွေ့ချင်လွန်းလှပြီမို့ မတတ်သာတဲ့အဆုံး ကျန်းယန်နာမည်ကို နောက်တစ်ခါ ထုတ်သုံးပြီး သူ့ရဲ့ မသေမျိုးသံတမန်လေးအနေနဲ့ ယောင်ဆောင်လိုက်ရတယ်။

ကျန်းယန်က ကောင်းကင်ဘုံမျိုးနွယ်ရဲ့ နန်းတက်မင်းသား ရဲ့ဟွာကို လာနှုတ်ဆက်ခိုင်းတာပါလို့ ရှင်းပြလိုက်တယ်။

ကောင်းကင်စစ်သည် ၂ ယောက်က အရေးကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ အင်မတန် သတိကြီးကြတယ်။ ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ရှီဝူနန်းဆောင်ကို သူတို့သွားအကြောင်းကြားပေးနေစဉ် အချိန်အတွင်း ဒီဂိတ်တံခါးမှာပဲ ခဏစောင့်နေပေးဖို့ ပြောတယ်။

စိတ်ပူလွန်းလို့ အတွင်းမှာ လောင်မြိုက်နေပေမယ့် ငါရောက်ရှိလာကြောင်းကို ပိုအရေးကြီးတဲ့ကိစ္စတွေ ကိုင်တွယ်ရတဲ့ လင်းရှောင်နန်းဆောင်ကို အကြောင်းမကြားဘဲ ရှီဝူနန်းဆောင်ကို အကြောင်းကြားပေးမယ်ဆိုတဲ့ အချက်နဲ့တင် စိတ်က တော်တော်လေး အေးသွားခဲ့တယ်။

ဒီလိုဆိုမှတော့ ရဲ့ဟွာတစ်ယောက် ဒဏ်ရာကြီးကြီးမားမား ရမလာလို့ထင်ပါရဲ့။

ခဏအကြာမှာ ကောင်းကင်စစ်သည်တွေ ပြန်ရောက်လာခဲ့ပြီး ရှီဝူနန်းဆောင်ဆီ လမ်းပြဖို့ မသေမျိုးနန်းတွင်းသူလေးတစ်ယောက်ပါ ပါလာခဲ့တယ်။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now