အခန်း ၈

1.6K 213 9
                                    

နောက်တစ်နေ့မနက် စောစောထလိုက်ပြီး ရေမြန်မြန်ချိုးလိုက်တယ်။ ရေနွမ်းကြမ်း ခပ်ပြင်းပြင်းကို ခွက်ဝက်လောက် အမြန်သောက်လိုက်ပြီး တောထဲလမ်းအတူလျှောက်ဖို့ ရဲ့ဟွာလာခေါ်နေကျ ဂူဝမှာ သွားစောင့်နေလိုက်တယ်။ သူ ဒီအကျင့်ကို ဘယ်ကနေ ဘယ်လိုရလာလဲဆိုတာငါမသိဘူး။ ဒါပေမဲ့ ရဲ့ဟွာက တစ်ရက်ကလေးတောင် မပျက်ကွက်ဘဲ မနက်တိုင်း မြေခွေးဂူနားပတ်လည်ကို လျှောက်သွားတတ်ပြီး ငါ့ကိုလည်း ငါလိုက်ချင်ချင် မလိုက်ချင်ချင် သူနဲ့လမ်းအတူလျှောက်ဖို့ အတင်းလာခေါ်လေ့ရှိတယ်။

မြေခွေးဂူနားမှာ ကြည့်စရာရှူခင်းကောင်းကောင်းရယ်လို့ ဘာမှလည်း သိပ်မရှိပါဘူး။ ဝါးတောရယ်၊ ရေကြည်လေးတွေပြည့်နေတဲ့ စမ်းကလေးတွေရယ်ပဲ ရှိတာ။ ဒီနေရာမှာပဲ တစ်ခေါက်၊ နှစ်ခေါက်လျှောက်တုန်းကတော့ ဘာမှမဖြစ်ပေမယ့် သုံးခါမြောက်လောက်ကျတော့ ရိုးအီလာတယ်။ နှစ်ပတ်လောက်ကြာတဲ့အထိ ဒီလမ်းတွေကိုပဲ ပတ်လျှောက်နေရပေမယ့် သူနည်းနည်းလေးမှ ရိုးသွားပုံမရတော့ အတော်လေး အံ့အားသင့်မိတယ်။

ဒီနေ့တော့ ဂူပေါက်ဝလည်းရောက်ရော အပြင်ဘက်မှာ မိုးသံတဖျောက်ဖျောက်ကို ကြားလိုက်ရလို့  ရေနွေးကြမ်းခွက်ကို ဂူပေါက်ဝနားက စားပွဲပေါ် ပြန်ချထားရင်း အူမြူးနေတဲ့စိတ်ကို မနည်းထိန်းလိုက်ရပြီး အိပ်ရာပေါ်မှာပျော်ပျော်လေး ပြန်ကွေးဖို့ ပြင်လိုက်တယ်။

အိပ်ပျော်တော့မယ့် အချိန်မှာပဲ အနားမှာခြေသံကြားလိုက်ရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရဲ့ဟွာက ငါ့ကုတင်ဘေးမှာ ရပ်နေတာ တွေ့လိုက်ရတယ်။

"ရေဘုရင်တစ်ပါးပါးက မိုးရွာအောင်လုပ်လိုက်တယ် ထင်တယ်။ ဒီရာသီဥတုနဲ့ အပြင်ထွက်ရင်တော့ ကိုယ်တို့ နှစ်ယောက်လုံး ကြွက်စုတ်ဖြစ်သွားမှာပဲ"

အပြင်ထွက်လမ်းမလျှောက်ရလို့ စိတ်အရမ်းပျက်နေသလိုပုံဖမ်းပြီး ပြန်ပြောလိုက်တယ်။

"ကြည့်ရတာ ကျွန်မတို့ ဒီနေ့တော့ ဂူထဲမှာပဲ နေသင့်တယ်ထင်တယ်"

ရဲ့ဟွာနှုတ်ခမ်းက ပြုံးသယောင်ရှိသွားပေမယ့် ဘာမှတော့မပြောဘူး။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now